1515------1520

13 2 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 1516:
        တစ်လမ်းမှာ ပေါ်တင်.. တစ်လမ်းမှာ လျို့ဝှက်

ဂျန်ချန် တစ်ယောက် အင်ပါယာ အနှိုင်းမဲ့နဲ့ နွေဦးတို့ကို ၀င်္ကပါနဲ့ ပတ်သက်လို့ရော.. သူ့ ကြံထားတဲ့ အမြင်ကိုရောပါ ရှင်းပြပါတယ်။

“သိပ်ကောင်းတယ်။ ဒါက ကျုပ်တို့ရဲ့ တိုက်ပွဲ၀င် စွမ်းအားကို အဆင့်မြှင့် ပေးလိမ့်မယ်။ ကျုပ်တို့ရဲ့ လက်ရှိ လူအင်အားက မသေးဘူး။ အားလုံးကို ခြုံပြီး ပေါင်းစပ်လိုက်ရင် တကယ် ကြောက်စရာ ကောင်းလာမယ် ”
အင်ပါယာ နွေဦးက ဒီအစီအမံကို ချီးကျူးပါတယ်။

ဘယ်သူကမှ ၀င်္ကပါနဲ့ ပတ်သက်လို့ အထင် မသေး၀င့်။

အင်ပါယာ အနှိုင်းမဲ့လည်း သဘောတူဟန် ခေါင်းညိတ်ပါတယ်..
“တကယ် မိုက်တယ်။ ဒီတိုင်းဆို ကျုပ်တို့တွေ ပိုပြီး ကျစ်လျစ်သွားပြီ။ ဒါပေမယ့် အုပ်စု ရှစ်ခု ဖွဲ့မယ် ဆိုရင် သူတို့တွေ ပူးပေါင်းလိုစိတ် ရှိဖို့ လိုတမယ်။ အချင်းချင်း နားလည်မှု ရှိဖို့က တကယ့် သော့ချက်ပဲ။ မဟုတ်ရင် ၀င်္ကပါက အားနည်း နေလိမ့်မယ် ”

မှန်ပါတယ်။ တိုက်ပွဲမှာ ပူးပေါင်း ဆောင်ရွက်လိုစိတ် အားနည်းရင် တစ်ဦးချင်း တိုက်ခိုက်တာကမှ တော်ပါလိမ့်ဦးမယ်။ ၀င်္ကပါ ဖွဲ့ပြီး ရင်ဆိုင်တာမျိုးက တစ်ယောက် အဆင်မပြေရင် တစ်ဖွဲ့လုံး သွားရောပါပဲ။

“အစ်ကိုကြီးဟွေ.. ခင်ဗျားတို့က လေလွင့် ကျင့်ကြံသူတွေကြား အဆင့်အတန်း အမြင့်ဆုံးပဲဟာ။ သူတို့ကို အဆင်ပြေအောင် အုပ်စု ခွဲပေးပါလား ”

“ဒါပေါ့။ ကျုပ် ဖြစ်အောင် လုပ်ပေးပါ့မယ် ”

“အဖွဲ့အစည်းတွေကိုတော့ ကျုပ် ကိုင်တွယ်လိုက်မယ်။ လေလွင့် ကျင့်ကြံသူတွေလိုပဲ သူတို့တွေမှာလည်း ပြဿနာ ရှိတယ် ”

အဖွဲ့အစည်းတွေက သူတို့ ကိုယ်ပိုင် အင်အားစု အသီးသီးမှာ သြဇာကြီးပါတယ်။ ဒါမို့ သူတို့တွေ ခေါင်းထဲ စရိုက်တစ်ချို့ အကျင့်ပါနေပါပြီ။ အချင်းချင်း ပူးပေါင်း တိုက်ခိုက်စေဖို့ ဆိုရင် စဉ်းစားကြည့်ရုံနဲ့တင် ခေါင်းကိုက်ချင်စရာ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now