1521-------1525

8 3 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 1521:
        အဆင့်မြင့် ရုပ်သေးတွေ မွှေပြီ

ဂျန်ချန် တစ်ယောက် အကြီးအကျယ် စိတ်လှုပ်ရှားနေပါတယ်။ ဟင်းလင်းပြင် ပုံရိပ်ယောင် ကမ္ဘာကို ရှုပ်ထွေးခြင်းကိုးမျိုး ၀င်္ကပါနဲ့ ဖန်တီးထားတာပါ။ တတိယ နန်းတော်ကနေ သူ ရလာခဲ့တဲ့ အမွေပေါ့လေ။ နန်းတော် သခင် မားကပ်စ် ဆီကနေ သူ ရလာခဲ့ပါတယ်။

အသက် သွင်းလိုက်တာနဲ့ ရှုပ်ထွေးခြင်း ကိုးမျိုး ၀င်္ကပါက ပုံရိပ်ယောင် ၀င်္ကပါ အလွှာ ကိုးထပ်ဆင့်ပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်လို့ မရအောင် ပိတ်ဆီးပစ်ပါတယ်။ ထွက်ပေါက်ကို ရှာတွေ့ဖို့က ဘယ်လွယ်ပါ့မလဲ။

ဂျန်ချန်က ၀င်္ကပါနဲ့ ပတ်သက်ရင် မစိမ်းပါဘူး။ သို့ပေမယ့် ရှုပ်ထွေးခြင်း ကိုးမျိုး ၀င်္ကပါက တကယ် ထူးခြားပါတယ်။ ရှု၀မ်ချင်းလို လူကိုတောင်မှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေသည် မဟုတ်လား။ ၀င်္ကပါရဲ့ ဆန်းကျယ်ခြင်းတွေကို အချိန် ခဏအတွင်း နားလည်ဖို့ မလွယ်ပါဘူး။

ပြောရရင် ဒါက ရှေးဦး ရတနာပါ။ မားကပ်စ် ဂုဏ်ယူ အားထားရတဲ့ ၀င်္ကပါ။ ဂျန်ချန်သာ ကျင့်ကြံဆင့် မြင့်မားမယ် ဆိုရင် ရှု၀မ်ချင်းထက် အဆပေါင်းများစွာ ပိုသန်မာတဲ့ လူမျိုးကိုတောင် ချုပ်ထားနိုင် ပါသေးရဲ့။

သခင်ငယ်က ကစားပွဲကို ပြောင်းပြန်လှန် ပစ်လိုက်ပါပြီ။ သူ ၀င်္ကပါ အပြင်ဘက်ကနေ ရန်သူတွေကို မြင့်မြတ်သော နဂါးလေးကိုင်းနဲ့ အမှည့်ချွေ ပစ်နေပါတယ်။ လေနဲ့တိမ် အင်အားစုက ကျင့်ကြံသူတွေ ဆောက်တည်ရာ မရနိုင်စွာပဲ လျောက်ပတ်ပြေး ကုန်ပါပြီ။

ဂျန်ချန်ကလည်း ဒါမျိုးပဲ ဖြစ်စေချင်တာပါ။ သူတို့တွေ အတူတူ ရှိနေရင် ပစ်မှတ်ရွေးရ ခက်ပါတယ်။ အခုလို ကွဲပြားသွားတော့ လွယ်လွန်းပါရဲ့။

ဂျန်ချန်ရဲ့ ဦးတည်ရာက စောင့်ရှောက်သူ ဘုရင် လေသိမ်ပါ။ သူ့ကို သတ်ပစ်မယ့် အစား အရှင်သာ လိုချင်ပါရဲ့။

လက်ဟန်တွေ လှုပ်ရှားလိုက် ပြီးတဲ့နောက် ဂျန်ချန် တစ်ယောက် ရှုပ်ထွေးခြင်း ကိုးမျိုး ၀င်္ကပါထဲကို အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်ပါတယ်။ ရုပ်သေး တစ်ကောင်..။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now