45

4.2K 250 13
                                    

💛 Players ( Part - 45 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မြို့သစ်ထဲမှာ တိုက်တစ်လုံးပြိုကျခဲ့ဖူးတဲ့သတင်းလေ Min groupက တာဝန်ယူခဲ့တာဆို"

ဘုတ်အဖွဲ့ရဲ့မေးခွန်းကို သူပြန်မဖြေနိုင်ဘဲ ဆွံ့အသွားသလို မမမှာလည်း ဖြေစရာစကားမရှိ။
ထိုတိုက်ဟာ အနှစ်၃၀အာမခံနှင့်ဆောက်ထားတာဖြစ်ပေမယ့် ငလျင်ဒဏ်ကြောင့် ၂နှစ်ကျော်မှာပဲပြိုကျသွားပြီး ဒီသတင်းကိုလူမသိအောင် တိုက်ရှင်နဲ့တွေ့ကာ နှုတ်ပိတ်ခဲ့ဖူးသည်။
အချိန်အားဖြင့် ၄နှစ်ကျော်ကြာခဲ့ပြီမို့ ဒီသတင်းကို ဘယ်သူမှသတိမရလောက်တော့ဟု ထင်ထားခဲ့ကာမှ...

"အဲ့ဒီကိစ္စကို ကုမ္ပဏီကသေချာဖြေရှင်းထားပါတယ်"

"ကုမ္ပဏီက ဖြေရှင်း​တာထက် အဲဲ့ဒီWorkအတွက် ချပေးထားတဲ့ပစ္စည်းကိုက အဆင်မပြေတာ ဒီမှာ listရှိတယ်"

"ဒါကတာဝန်ခံအင်ဂျင်နီယာရဲ့ တာဝန်လို့ပုံချလို့မရဘူး Listထဲမှာ အင်ဂျင်နီယာကလိုအပ်တဲ့ပမာဏကိုတောင်းထားတယ် ကုမ္ပဏီဘက်ကချမပေးဘဲ စာရင်းကိုဖြတ်ချထားတာ ဒီကိစ္စမှာဘယ်သူကတာဝန်အရှိဆုံးလဲ"

ဘုတ်အဖွဲ့မှချပြလာပေးသော Listကိုလည်း သူစိတ်မဝင်စားအားသလို ကြည့်စရာလည်းမလိုဘဲ ထိုအချိန်က တန်ခိုးက ဒက်ဒီကိုဝင်တွေ့ပြီး Reportထပ်တင်ခဲ့သေးသည်။
ဒီကိစ္စကြောင့်ပဲ ဒက်ဒီနဲ့တန်ခိုး စကားများခဲ့ကြသေးပေမယ့် လိုအပ်သည့်ပမာဏကိုထုတ်မပေးခဲ့တာမို့ဒက်ဒီဘယ်လိုတွေလုပ်ပစ်ခဲ့လဲ သူသိသည်။
အဆောက်အအုံ Saveဖြစ်ဖို့ထက် အမြတ်များများကျန်ဖို့ကိုသာ ဒက်ဒီလုပ်ခဲ့ကာ ထိုWorkသည် သူရော၊တန်ခိုးပါ ပထမဆုံးတာဝန်ခံအင်ဂျင်နီယာဖြစ်ခဲ့သော ဆိုဒ်ဖြစ်သည်။
အခုတော့ တန်ခိုးကအလုပ်ထွက်သွားပြီမို့ ကိုယ်တစ်ယောက်တည်းသာ…

"အဲ့ဒီတော့ Constructionကို ပြီးစလွယ်လုပ်တတ်တဲ့သူတွေရဲ့ လက်ထဲ CEOနေရာမပေးနိုင်ဘူး မင်းတို့မှာ သင်ယူစရာတွေအများကြီးကျန်သေးတယ်"

"ဒါပေမယ့် ကျွန်မမောင်ကို CEOဖြစ်စေချင်တယ် သူလည်းCivilနဲ့ ကျောင်းပြီးထားတာပဲ စာတွေ့၊လက်တွေ့မှာ အတွေ့အကြုံများတယ် ကျွန်မရဲ့ရှယ်ယာတွေ စည်းကိုလွှဲပေးမယ်ဆိုရင်ရော"

PlayersWhere stories live. Discover now