37

6K 349 52
                                    

💛 Players ( Part - 37 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ခရာပြန်မလာသေး၍ ဖေဖေတို့ဖုန်းဆက်နေကြသောကြောင့် သွေး အပေါ်ထပ်မှာငြိမ်နေရင်း ခရာဆီဖုန်းလှမ်းဆက်တော့ ခရာ့ဖုန်းက စက်ပိတ်ထားသည်။
စာရင်းရှင်းဖို့ဆိုပြီး ခရာ့ကိုညနေကတည်းကခေါ်သွားသည်မှာ အခုဆို ၁၁နာရီတောင်ထိုးတော့မှာမို့ ဖေဖေရော၊ မေမေပါ စိတ်ပူနေကြ၏။
ညနေကတည်းက သွေးနဲ့အတူထွက်သွားတာမို့ ဖေဖေတို့အကြည့်တွေက သွေးဆီမှာ တဝဲလည်လည်ဖြစ်နေကာ ခရာပျောက်နေသည့်ကိစ္စမှာ သွေးက အဓိကတရားခံကြီးလို။

"အစ်ကို ကျွန်မသမီးလေး ဒုက္ခရောက်နေပြီလားမသိဘူး"

အန်တီနှင်းပန်းက ငိုသံကြီးနှင့်ဖုန်းဆက်လာတော့ မေမေကလည်း တအိအိငိုနေပြီဖြစ်ကာ ဖေဖေကတော့ခေါင်းတခါခါဖြစ်နေသည်။
တကယ်ဆို အိမ်မှာလာနေပြီးမှ သွေးနဲ့အတူထွက်သွားပြီး ပျောက်သွားရတာမို့ ဖေဖေ့မှာတာဝန်အရှိဆုံး...

"အဲ့လိုတော့မဟုတ်လောက်ပါဘူး နှင်းပန်းရယ် သမီးက ဖုန်းအားမရှိလို့ စက်ပိတ်ထားတာနေမှာပါ"

"မဟုတ်လောက်ဘူး အစ်ကိုမင်းပိုင် အက္ခရာက တစ်ညတစ်လေတောင် ဖုန်းမဆက်ဘဲနေဖူးတာမဟုတ်ဘူး သူ့အဖေသိသွားရင်ပိုဆိုးလိမ့်မယ် အခုတောင်အဖေကြီးက ရုံးကနေပြန်မလာသေးလို့"

တကယ်လည်း အန်တီနှင်းပန်းပြောသလို လေးလေးမင်းထက်သိသွားခဲ့လျှင် ပိုဆိုးမှာမို့ ဖေဖေစိတ်ရှုပ်သွားပြီး သက်ပြင်းချကာ ဘာလုပ်ရမလဲစဥ်းစား၏။
ဖေဖေ့ရဲ့Showroomထဲက လူတွေကို အားလုံးအကြောင်းကြားထားပြီး ခရာ့ကိုလိုက်ရှာခိုင်းပေမယ့် အခုထိမတွေ့သေးသလို ဖုန်းလည်းမဆက်ကြသေး။
ကိုက တမင်သက်သက်ညစ်ပြီး ပြန်မလွှတ်တာများလား...

"အစ်ကိုမင်းပိုင် ခရာ့မှာရည်းစားရှိတယ်လို့များ ကြားဖူးလားဟင် သူ့ကောင်လေးနဲ့များလိုက်သွားတာလားဟင်"

ကြံရာမရစွာမေးခွန်းထုတ်လာသော အန်တီနှင်းပန်းစကားကြောင့် ဖေဖေငြိမ်သွားပြီး တစ်ခုခုကိုသတိရသွားသလို မေမေ့ကိုလှမ်းကြည့်သည်။
ထိုအခါမှ မေမေကလည်း တစ်ခုခုကို သတိရသွားသလို လွှတ်ခနဲပါးစပ်ကထွက်၏။

PlayersWhere stories live. Discover now