41

5.2K 314 22
                                    

💛 Players ( Part - 41 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းကိုငါ ဘာလုပ်ရသေးလို့ အဲ့လောက်အသည်းအသန်ငိုနေတာလဲ"

ငုတ်တုတ်ကလေးထိုင်ချပြီး အသည်းအသန်ငိုနေသော ခရာ့ကိုကြည့်ပြီး ဒေါသတွေဖြစ်ရမည့်အစား စိတ်မကောင်းဖြစ်သွားမိပြီး သူမရှေ့မှာဒူးတစ်ဖက်ထောက် ထိုင်လိုက်သည်။
ဂါဝန်လေးသည်လည်း မြေနီတွေပေပွနေကာ ဆံပင်တွေမှာလည်း ထင်းရှူးရွက်ခြောက်နှင့် သစ်ကိုင်းစတွေကပ်ငြိနေ၍ ဖယ်ထုတ်ပေးလိုက်သည်။
ထိုအခါ သူမက ပခုံးလေးပိုပြီးကျုံ့ဝင်သွားကာ သူ့လက်ကိုဖတ်ခနဲပုတ်ထုတ်ပစ်ပြီး ဆက်ငိုဖို့ကိုလည်းတာဝန်ကျေနေသေးသည်။

"Bae"

ကိုယ့်ကိုကြောက်လို့လားဟု စိတ်ထဲထင်လာမိ၍ နားနားလေးမှာ ခပ်တိုးတိုးကပ်ခေါ်တော့ မျက်ရည်တွေပြည့်နေသောမျက်လုံးလေးတွေဖြင့် သူ့ကိုမော့ကြည့်လာသည်။
မျက်ရည်သုတ်ပေးဖို့ လက်လှမ်းမိတော့ သူမကအထိမခံဘဲ မျက်နှာကိုပြန်ငုံ့ချသွားကာ အသံမထွက်ပါဘဲ တအိအိဆက်ငိုနေဆဲ။

"မငိုနဲ့တော့နော် မျက်လုံးတွေနာမယ်"

"စောစောကတော့ ကိုကြီးပဲ သူများကိုအော်ပြီး"

"မင်းကထွက်ပြေးဖို့လုပ်တာလေ မင်းကိုအပိုင်ရချင်လို့မှ ခိုးပြေးလာပါတယ်ဆို မင်းထွက်ပြေးဖို့လုပ်နေတာကို မအော်တော့ တရားထိုင်နေရမှာလား"

ထိုအခါမှ Baeကနှုတ်ခမ်းလေးစူကာ မျက်ရည်တွေသုတ်ပစ်လိုက်၍ စိတ်ထဲနေလို့ရသွားပြီး မျက်နှာလေးကိုဆွဲမော့ယူကာ စိုဖပ်နေသောပါးမို့မို့လေးကို ဖွဖွလေးပွတ်သပ်မိသည်။
ကိုယ့်မှာတော့ သူမလေးကို မိမိရရဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေချိန်မှာ သူမကတော့ ကိုယ့်ဆီကထွက်ပြေးချင်နေသည်တဲ့။

"ခြံစည်းရိုးက ရှော့ခ်တိုက်ထားတာ မင်းနာသွားသေးလား"

"နာတယ် အဟင့်! ကိုကြီးအရမ်းလည်တာပဲ"

"ခြံစည်းရိုးကိုရှော့ခ်မတိုက်လည်း မင်းဘယ်မှပြေးလို့မရဘူး Bae.. လားရှိုးတစ်မြို့လုံးကို ငါမြေလှန်ပစ်လို့ရတယ် သိလား ဘယ်ကိုမှမပြေးနဲ့ မင်းကိုလက်လွှတ်မပေးဘူး ငါ့အတွက်မင်းမရှိရင်မဖြစ်ဘူး"

PlayersWhere stories live. Discover now