991------1000

46 7 0
                                    

အခန်း(၉၉၁) - အဆင့် မြင့်တက်သွားသော ပိုင်

လင်းဟွမ်သည် တဲထဲမှ ထွက်လာပြီး ရေမချိုး ရသေးခင်   ဥ ကွဲအက်သံကို ကြားလိုက် ရသောကြောင့် နောက်ဆုံးရွှေဥကို လှမ်းကြည့် လိုက်သည်။
အသံကြားလိုက်၍ လှမ်းကြည့်လိုက်ရာ ရွှေဥ ပေါ်တွင် ဆံချည်မျှင် တစ်မျှင်စာမျှ သေးငယ်သော အက်ကွဲကြောင်းကို တွေ့လိုက်ရပြီး သူ နားကြားမှားခြင်း မဟုတ်ကြောင်း အတည်ပြု လိုက်သည်။

ရေချိုးပြီးနောက် မနက်စာ စားလိုက်သည်။ လဝက်ကျော်ကြာအောင် အိပ်စက်ခဲ့သော တဲကို ပြန်သိမ်းလိုက်သည်။ ထို့နောက် အဆင့် တက်လှမ်းနေသော ပိုင်ကို စောင့်ဆိုင်းရန် ကျောက်ဆောင်ပေါ်တွင် ထိုင်နေခဲ့သည်။

ဥခွံက ပိုပြီး မာကျောနေတာလား သို့မဟုတ် အခြား အကြောင်း တစ်ခုခု
ကြောင့်လား ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော်လည်း ပိုင်၏ ဥ
အက်ကွဲမှုနှုန်းက အာဏာရှင်နှင့် ကျန်သည့် မွန်းစတားများထက်စာလျှင် သိသိသာသာ နှေးကွေးနေ၏။ နောက်ဆုံးတွင် (၃) နာရီကျော် ကြာပြီးနောက် ရွှေဥခွံက လုံးဝ ကွဲထွက်သွားပြီး ရွှေရောင် အလင်းများအဖြစ် ပြောင်းလဲကာ ပိုင် ခန္တာကိုယ်ထဲ  တိုးဝင်သွားသည်။

ပိုင်သည် အဆင့်တက်လှမ်းမှု ပြီးဆုံးသွားသောအခါ ခြေတစ်လှမ်းတည်းနှင့် လ
င်းဟွမ်ရှေ့  ရောက်လာသည်။

ရုပ်ရည် အသွင်အပြင်နှင့် ပတ်သက်၍ ကြီးကြီးမားမား အပြောင်းအလဲ မရှိပေ။
ဆံပင်က ဖြူနေသေးပြီး မျက်လုံးများက ယခုအခါ သွေးရောင် တောက်ပ၍ နီရဲနေသည်။ ခန္ဓာကိုယ် တစ်ဝိုက်တွင် သွေးရောင် မြူခိုးများက ဝန်းရံထားပြီး မျက်ခုံးကြားတွင် လက်မအရွယ်ခန့် ရှိသော အနီရောင်သလင်း  ကျောက်တစ်ခု  ရှိ၏။

သူ ဝတ်ဆင်ထားသည့် အနက်ရောင် ၀တ်ရုံသည် အနက်ရောင် စင်လုံးချောမှ
ကြက်သွေးရောင် ဖောက်ထားသော ပုံစံသို့ ပြောင်းလဲသွားသည်။
ကြက်သွေးရောင် ပုံစံများသည် အသက်ရှိ နေသကဲ့သို့ ဖြည်းညှင်းစွာ စီးဆင်းနေသည်။

ပိုင်၏ မျက်လုံးများသည် လင်းဟွမ်ကို ကြည့်နေရင်း   ကျင့်သား ရလာ
သောအခါ အနက်ရောင် ပြန်ပြောင်း သွားသည်။ သူ့မျက်ခုံးကြားက သွေး
သလင်းကျောက်ကလည်း အရေပြားထဲ အလိုလို စိမ့်ဝင်သွားသည်။ သူ့
ခန္ဓာကိုယ် တစ်ဝိုက်တွင် ရစ်ဝဲနေသော သွေးမြူခိုးများက လျင်မြန်စွာ ပျောက်ကွယ် သွားသည်။ အနက်ရောင်ဝတ်ရုံ ပေါ်က ကြက်သွေးရောင် ပုံစံများက
လည်း သာမန်အတိုင်း ပြန်ဖြစ်သွားသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now