951-----955

46 9 0
                                    

အခန်း(၉၅၁) - ငါလည်း မိခင်ဘုရင်မ နောက်တစ်ကောင် ထပ်သတ်ဖို့ ပျင်းနေပါပြီကွာ…

မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိ ထွက်ပေါ်လာခဲ့သော ပါရမီရှင်သမဂ္ဂ၏ စည်းမျဉ်း အသစ်က သန်းခေါင်ယံ ငြိမ်းချမ်းရေးကို ချိုးဖျက် စေခဲ့သည်။ လိုင်းပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

"ဘာဖြစ်တာလဲ။ ဘာဖြစ်လို့ ဒီလို စည်းကမ်း အသစ် ထွက်ပေါ်လာရတာလဲ"

“အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်း အသစ်နှစ်ခုက ကြယ်လမ်းစဉ် သစ်ပင်ပေါ်မှာ လင်းရှီက အဆက်မပြတ် သတ်ဖြတ်နေလို့ ထုတ်ပြန်ခဲ့တာပဲ။ ဒီတစ်ကြိမ်လည်း လင်းရှီ ကြောင့်ပဲလား”

“တစ်ယောက်ယောက်ကြောင့် ဒီစည်းမျဉ်းအသစ် ဖြစ်ပေါ်လာတယ်ဆိုရင် ခေါင်းဆောင်တွေကို ခဏခဏ သတ်နေတဲ့ လူတစ်ယောက် ရှိနေလို့ပေါ့။ ခေါင်းဆောင်တွေကို သတ်ရတာက အဲ့ဒီအဆင့်ကို ကျော်ဖြတ်ရတာထက် အများကြီး ပိုခက်တယ်။ ခေါင်းဆောင်ကို ထပ်ခါထပ်ခါ သတ်ရလောက်အောင် ဘယ်သူက ဒီလောက် ရူးနေတာလဲ…”

"ခေါင်းဆောင်ကို ထပ်ခါထပ်ခါ သတ်နေတဲ့ လူရှိရင် ဒီလိုလုပ်ဖို့ ဖြစ်နိုင်ခြေ အများဆုံးက လင်းရှီလို့ပဲ ငါ  ထင်တယ်"

“လင်းရှီကို သိပ် အထင်မကြီးနဲ့။ သူက မွန်းစတား အကောင်ငယ်လေးတွေကို သတ်ဖြတ်တဲ့ နေရာမှာ ကျွမ်းရင် ကျွမ်းလိမ့်မယ်။ အခု သူက စစ်ဆေးရေးဂိတ် အမှတ် (၆၃) ကို ရောက်နေပြီ။ စစ်ဆေးရေးဂိတ် အမှတ် (၆၃) က ခေါင်းဆောင်တွေက ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ မင်း သိလား။ 
ပိုးကောင်မျိုးနွယ်စု မိခင်ဘုရင်မဆီမှာ သန္ဓေသုံးကြိမ်ပြောင်း မွန်းစတားတွေ ထက်တောင် အများကြီး ပိုအစွမ်းထက်တဲ့ ပိုးကောင် အစောင့်အရှောက် (၁၂) ကောင် ရှိတယ်။”

‘’ လင်းရှီရဲ့ အရည်အချင်းကို ငါ အထင်သေးတာတော့ မဟုတ်ပေမယ့်
အစွမ်းထက်လှတဲ့ စတုတ္ထမင်းသား ချန်းသွမ်တောင် ပိုးကောင်
အစောင့်အရှောက် သုံးကောင်ထက် ပိုများလာရင် အဲဒီ ပိုးကောင်တွေကို ရှောင်ရလိမ့်မယ်”

"အောက်ပိုင်း စစ်ဆေးရေးဂိတ်တွေမှာ လူသစ် တစ်ယောက်က ခေါင်းဆောင်တွေကို ထပ်ခါတလဲလဲ သတ်ဖြတ်နေတာရော မဖြစ်နိုင်ဘူးလား။  ငါတို့ သတိမထားမိတာလည်း ဖြစ်နိုင်တယ်"

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now