881-----890

66 11 0
                                    

အခန်း(၈၈၁) - ဉာဏ်အလင်းပွင့်မြို့သို့ ပြန်ရောက်ခြင်း

လင်းဟွမ်သည် လျှိုမြောင်ထဲတွင် မနေတော့ဘဲ မြေအောက်ထဲမှ ပြန်ထွက်လာသည့်အချိန်တွင် မနက် (၂)နာရီကျော်နေပြီ   ဖြစ်သည်။

ကိုင်လီက သူမ၏စစ်တပ်ဖြင့် မွန်းစတားအုပ်ကြီးနှင့် အလောင်းများကို သုတ်သင် ရှင်းလင်းပြီးနောက် ကိုင်လီကိုပြန်သိမ်းကာ နေရာကူးပြောင်းခြင်း ဓါတ်ကြွင်းကို အသုံးပြု၍ ဉာဏ်အလင်းပွင့်မြို့သို့ ပြန်လာခဲ့သည်။

လင်းဟွမ်သည် တည်းခိုခန်းရှိ သူ့အခန်းထဲတွင် တိုက်ရိုက် ပေါ်လာသောအခါ  တန်လျန်းနှင့် ကျန်သည့်လူများသည် အခန်းအပြင်ဘက်မှ နေ၍ နေရာကူးပြောင်းခြင်း  ဓါတ်ကြွင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်များကို သိရှိ ခံစားလိုက်ရသည်။

“နောက်ဆုံးတော့  မင်း ပြန်ရောက်လာပြီပေါ့”

လင်းဟွမ်သည် တစ်ပတ်လုံး ပျောက်နေပြီး ပြန်ရောက်လာသည်ကို မြင်လျှင် တန်လျန်းသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ လင်းဟွမ်ကို ဂရုစိုက်ပေးရန် ချန်းသွမ်က သူ့ကို အကူအညီ တောင်းထားသည်။ အကယ်၍ လင်းဟွမ် သေဆုံး သွားပါက တန်လျန်းအတွက် ခက်ခဲသော အခြေအနေတစ်ခု ဖြစ်သွားလိမ့်မည်။

“တောင်းပန်တယ်။ ငါ မွန်းစတားအုပ်ကြီးထဲမှာ ပိတ်မိနေလို့။ သူတို့ကို ဖယ်ရှားဖို့ တော်တော်လေး အချိန်ပေးလိုက်ရတယ်”

လင်းဟွမ်က တောက်ပစွာပြုံးပြီး  လိမ်ညာ လိုက်သည်။

“မင်း ပြန်ရောက်လာတာနဲ့တင် အဆင်ပြေတယ်။ ဒီနေ့ည သန်းခေါင်ယံမတိုင်ခင် လျှိုထဲကနေ အဆင့်မြင့် တက်လှမ်းခြင်းအဆင့် မွန်းစတားတွေ ထွက်လာနိုင်တယ်။ အဲ့ဒီအဆင့် မွန်းစတားတွေကို ငါတို့တွေ မတိုက်ခိုက်နိုင်ဘူး။  မနေ့ညကလည်း ဒီကိစ္စနဲ့ ပက်သက်ပြီး အစိုးရရုံးမှာ စကားပြောပြီးပြီ။ မြို့ကို ကာကွယ်ဖို့အတွက် နည်းလမ်း အများကြီးလည်း တိုင်ပင်ပြီးပြီ။ မင်းတို့တွေ
ကောင်းကောင်း အနားယူကြ။  မနက်ဖြန်မနက်မှ အသေးစိတ် ဆက်ပြောကြမယ်”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now