SITEB Chapter-(4)

59 8 4
                                    

☕︎ 𝙲𝙷𝙰𝙿𝚃𝙴𝚁 _ [4] ♡´・ᴗ・'♡
ဖျော်ဖြေရေးလောက <4>

Horror အမျိုးအစား?

လင်ရှောင်းတန်အနည်းငယ်တုန်လှုပ်သွားပြီး သူမအကြည့်ရောက်သွားတာက ရန်လင်းလက်ထဲက ဇာတ်ညွှန်းကိုသာ။

လင်ရှောင်းတန်သူ့ကိုချီးကျူးလာမှာကို ရန်လင်းမျှော်လင့်ချက်အပြည့်စောင့်စားနေပေမယ့် ရုတ်တရက်သူရဲ့တိတ်တဆိတ်နေတတ်တဲ့ညီမဆီက အမေးစကားကိုကြားလိုက်ရသည်။

"ညီမလည်းဒီရှိုးမှာ ပါလို့ရလား? သရဲနေရာက သရုပ်ဆောင်ချင်တယ်။"

ရန်လင်း "......"

ရန်လင်း: ???

လင်ရှောင်းတန် ဘာလို့သရုပ်ဆောင်ချင်ရတာလဲ?

သရုပ်ဆောင်ချင်တာ ကိစ္စမရှိပေမယ့် ဘာလို့သရဲနေရာကသရုပ်ဆောင်ချင်တာလဲ?

သိပ်မစဥ်းစားဘဲ ရန်လင်းတစ်ယောက်ပါးစပ်ဖွင့်ပြီး ငြင်းလိုက်သည်။

"တတိယနှစ်အထက်တန်းကျောင်းသူဆိုတာ သိပ်အရေးကြီးတယ်။ နောက်နှစ်ဆို ကောလိပ်ဝင်ခွင့်ဖြေရတော့မယ်။ ဒီတော့ညီမရဲ့အခု အရေးအကြီးဆုံးတာဝန်က စာလုပ်ဖို့နော်။"

ဖျော်ဖြေရေးလောကမှာနှစ်နှစ်သက်တမ်းရှိပြီး အတတ်အကျအမျိူးစုံကိုကြုံခဲ့ရတဲ့ရန်လင်းက တောက်ပမြူးကြွတဲ့ရပ်ဝန်းကို ထဲထဲဝင်ဝင်နားလည်တတ်ပြီ။

ဖြစ်နိုင်ရင်တော့ သူကလင်ရှောင်းတန်ကို ဖျော်ဖြေရေးနယ်ပယ်ရဲ့အဝေးမှာနေပြီး သူခံစားခဲ့ရတာတွေကိုဘယ်တော့မှမကြုံရမယ့် သာမန်ပျော်ရွှင်တဲ့သူလေးသာ ဖြစ်စေချင်သည်။

"အိမ်မက်ထဲမှာ စာလေ့လာလို့ရတယ်။" လင်ရှောင်းတန်ဖြေသည်က

"ဘာမှမနှောင့်နှေးစေရပါဘူး။"

စာမေးပွဲအလေးပေးကျောင်းတွေကနေထုတ်တဲ့ မေးခွန်းစာရွက်တွေက သူမအတွက်တော့သိပ်မခက်ခဲ။ အထူးသဖြင့် သင်္ချာ၊ ရူပနဲ့ဓာတုဘာသာရပ်တွေမှာ ဖော်မြူလာတွေသုံးပြီးအဖြေထုတ်နိုင်သရွေ့ အမှတ်မြင့်မြင့်ရနိုင်သည်။

စာမေးပွဲတွေနဲ့ယှဥ်ရင် သရုပ်ဆောင်တာကနေလူတွေရဲ့အကြောက်တရားကိုသူမ ပိုစုနိုင်ဖို့မျှော်လင့်မိသည်။

လွတ်မြောက်ရေးဘော့စ်သူမWhere stories live. Discover now