SITEB CH-1 (1)

72 12 0
                                    

☕︎ 𝙲𝙷𝙰𝙿𝚃𝙴𝚁 _ [1] ♡´・ᴗ・'♡
ဖျော်ဖြေရေးလောက <1>

မင်း ဘယ်သူလဲ?

-ဗီလိန်ကယ်တင်ရေး system

ငါ့တာဝန်က ဘာလဲ?

-ဗီလိန် ရန်လင်းကို ကယ်တင်၊ သူ့ကိုအကြပ်အတည်းတွေဆီက ဆွဲထုတ်ပြီး ရသင့်တာမှန်သမျှ ပိုင်ဆိုင်နိုင်အောင် ကူညီပေးပါ။

*** *** ***

လင်​ရှောင်းထန် မျက်လုံးတစ်ဖန်ပွင့်လာချိန်မှာ ကျဥ်းမြောင်းညစ်ပတ်တဲ့ အိမ်သာခန်းငယ်လေးထဲ မတ်တပ်ရပ်နေတယ်ဆိုတာ သိလိုက်ရသည်။

သူမအပေါ်ကျလာတဲ့ ရေတွေဆိုတာလည်း တကိုယ်လုံးရွဲရွဲသွားအောင် တနင့်တပိုးကျလာကာ တစ်ကိုယ်လုံးကလည်း ရေစိုနေတဲ့ကြက်ပေါက်လေးအလား။

ရေစိုဝတ်တွေကလည်း သူမကိုယ်ထက်ကပ်နေကာ ချမ်းအေးလွန်းတာကြောင့် ခိုက်ခိုက်တုန်နေပြီး သူမရဲ့အသက်ရှုသံကတောင် အနည်းငယ်ကျောချမ်းဖွယ်အတိ။

သူမရှေ့မှောက်မှာတော့ အထက်တန်းကျောင်းဝတ်စုံနဲ့ မိန်းကလေးငယ်အချို့။

သူတို့ရဲ့ ရောက်တတ်ရာရာစကားသံတွေက တစ်ခန်းလုံးဖုံးလွှမ်းလျက်။

"သူမကို ဒီမှာထိန်းထားလို့ လုံခြုံပါ့မလား?"

"မပူစမ်းပါနဲ့။ ဒီမှာ စောင့်ကြည့်တာလည်းမရှိဘူး။ ဆရာမတွေကလည်း သူ့မှအရေးမလုပ်တာ။ ဘာများ ဖြစ်နိုင်ဦးမှာလဲ?"

"အမှန်ပဲ။ သူ့ကို သင်ခန်းစာလေး ပေးရုံပါ။ ဘယ်သူက သူ့ကိုအငယ်အနှောင်းအနေနဲ့ စီနီယာရှကို ဆွဲဆောင်ခိုင်းလို့လဲ?"

နောက်ဆုံးစကားပြောလိုက်တဲ့မိန်းကလေးက နှာမှုတ်ကာ လက်ဆန့်ပြီးလင်ရှောင်းတန်ကို တွန်းလိုက်၏။

"ဟေ့၊ ဘယ်လိုလဲ bitch? ဆရာမဆီ ပြေးတိုင်ဦးမှာလား?"

လင်ရှောင်းထန်ဘက်က စကားဆိုမလာ။

သူမရပ်လျက်သာ တိတ်တဆိတ်ကြည့်နေလေသည်။

သူမအသားအရည်မှာ မူမမှန်လောက်အောင် ဖြူဖျော့နေပေမယ့် လူတွေကို ကြောက်ဒူးတုန်သွားစေသည့် မျက်ဆံတစ်စုံမှာတော့ မှင်ရည်ပျစ်ပျစ်အလား မဲနက်လှသည်။

လွတ်မြောက်ရေးဘော့စ်သူမWhere stories live. Discover now