SITEB CH-(2)

41 6 1
                                    

☕︎ 𝙲𝙷𝙰𝙿𝚃𝙴𝚁 _ [2] ♡´・ᴗ・'♡
ဖျော်ဖြေရေးလောက <2>

ရန်လင်းအမေးကို ရင်ဆိုင်ရတဲ့အခါ လင်ရှောင်းထန် သူ့ကိုတည်ငြိမ်စွာစိုက်ကြည့်ကာ အဖြေပေးလာသည်။

"မအိပ်ချင်သေးဘူး။"

သူမအသံကား စိတ်ခံစားချက်အတတ်အကျမရှိ တည်ငြိမ်နေ၏။

သူမစကားပြောတာကိုကြားပြီး ရန်လင်းတစ်ခဏ ကြက်သေသေသွားမိသည်။

သူ့အမြင်အရ လင်ရှောင်းထန်က တစ်သီးတစ်သန့်နေတတ်ကာ အမူအကျင့်ကောင်းမွန်သူဖြစ်ပြီး ဒီလိုပြောခဲသည်။

ဒါပုန်ကန်ထကြွတဲ့ အချိန်များလား? ဒါမှမဟုတ် ကျောင်းမှာ တစ်ခုခုဖြစ်ခဲ့တာလား?

တိတ်ဆိတ်နေတဲ့လင်ရှောင်းထန်ကိုကြည့်ရင်း သူတစ်ခုခုပြောချင်တဲ့အလား ရန်လင်း ကိုက်ခဲနေတဲ့မျက်ခုံးတွေကို ပွတ်လိုက်သည်။

ဒါမယ့် သူသိပ်ပင်ပန်းလွန်းတာကြောင့် ထင်ပါရဲ့။ နှုတ်ခမ်းတွေ လှုပ်သွားပေမယ့် နောက်ဆုံးမှာတော့ သက်ပြင်းချရင်းပြောလာတာက

"အစ်ကိုအိပ်တော့မယ်။ စောစော အနားယူနော်။"

လင်ရှောင်းထန် ပြန်မဖြေ။ အသက်မဲ့နေတဲ့ရုပ်သေးရုပ်ပမာ ထိုနေရာဝယ် တိတ်တဆိတ်ထိုင်နေမြဲ။

သူပဲစိတ်ထင်တာလား၊ အလင်းကပဲ မှိန်လွန်းတာကြောင့်လားတော့ မသိ။ သူ့ရှေ့ကမိန်းကလေးက အနည်းငယ်ကွဲပြားသွားသလို ခံစားရသည်။

အရင်လင်ရှောင်းထန်က ညှိုးငယ်ပြီးတစ်ယောက်တည်း နေတတ်တယ်ဆိုရင် အခုလင်ရှောင်းထန်ကို ဆန်းကြယ်တယ်လို့ပြောတာ ပိုသင့်တော်ပေမည်။

ဆန်းကြယ်မှုအပြင် အခြားမသိနိုင်တဲ့ ပိုကြောက်စရာဖြစ်တည်မှုတွေလည်း သူမထံမှာ ပုန်းကွယ်နေသည့်အလား။

ရန်လင်းစိတ်အခြေအနေသာ ပုံမှန်ဆိုရင် လင်ရှောင်းထန်ရဲ့ထူးဆန်းမှုကို မြင်နိုင်မှာသေချာသည်။

တစ်နေ့တာလုံး အမျိုးမျိုးသောအရာတွေက ရန်လင်းကိုအားကုန်စေတာကြောင့် ညဘက်မှာ ထူးဆန်းဆန်းတွေလုပ်နေတဲ့ သူ့ညီမအပေါ်အာရုံထားဖို့ အားမကျန်တော့တာက သနားစရာပင်။

လွတ်မြောက်ရေးဘော့စ်သူမWhere stories live. Discover now