အပိုင်း (၁၆၀+၁၆၁)

345 31 0
                                    

အပိုင်း(၁၆၀) ဘယ်သူလဲ

ရုတ်တရက်ဆိုသလို ကျိုးရွှမ်း၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာတော့သည်။ ဧကန္တ....

ဇီရိုး....

ဒီလောကမှာ သူမ တစ်ယောက်ပဲ ဒါကိုလုပ်နိုင်မှာပဲ။ ဒါပေမဲ့ သူမက တစ်နှစ်လောက်ပျောက်သွားပြီးမှ ဘာလို့ Sမြို့မှာ ပေါ်လာခဲ့တာလဲ။ ဒီတစ်ကြိမ်ကျတော့ ဟက်ကာလူရွေးပွဲမှာ ပေါ်လာခဲ့တယ်။ ဇီးရိုးက သူမကိုယ်သူမကို သက်သေပြနေတာလား။

ကျိုးရွှမ်းသည် မည်သို့ပင်စဥ်းစားသောလည်း အဖြေရှာမရနိုင်အောင် ဖြစ်နေတော့သည်။

သည်အခိုက်တွက် ပြိုင်ပွဲဝင်အားလုံးကလည်း ပြိုင်ကွင်းထဲက အမည်မသိပြိုင်ပွဲဝင်ကို စောင့်ကြည့်နေကြလေသည်။တခြားအရည်အချင်းအရှိဆုံးလူ ကပင် အဆင့်၂ကိုသာ ထိုးဖောက်နိုင်ခဲ့သော်လည်း ရှန်ယွဲ့က အဆင့်၆ ကို ရင်ဆိုင်နေလေသည်။

!!

ရှန်ယွဲ့က အလွန်မှပြင်းထန်သည့် ကုဒ်ကို ချက်ချင်းပြောင်းလိုက်ပြီး ဆက်တိုက် တိုက်ခိုက်နေသည်။ တစ်ချိန်ထဲတွင် သူမက firewall၏လုံခြုံရေးစနစ်ကို ဟက်လိုက်ကာ ပုံမှန်အတိုင်း ဖျက်ဆီးလိုက်ပြီး အဆင့်၆ ခုခံစနစ်ကို အနည်းငယ် အားနည်းသွားအောင် လုပ်လိုက်တော့သည်။

"ဟုတ်ပြီ"

ရှန်ယွဲ့၏နှုတ်ခမ်းက အနည်းငယ်ကွေးတက်သွားပြီး နောက်ဆုံးတွင် သူမလုပ်နေသည့်အရာကို ရပ်လိုက်တော့သည်။

ကျိုးရွှမ်း၏ရုံးခန်းကထဲ သတိပေးချက်က မြည်လာပြန်သည်။

"အဆင့်၆ firewall ပျက်စီးသွားပါပြီ"

ဒီတစ်ကြိမ်တွင် ကျိုးရွှမ်းပင် ပျာယာခတ်သွားတော့သည်။ သူက မျက်မှောင်ကျုံ့လိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်၏။

"မြန်မြန် ဟယ်ရှန့်၊ ခုခံစနစ်ကို ပြန်ပြင်လိုက်၊ အဆင့်၆ ဖျက်ဆီးခံလိုက်ရပြီ၊ ငါတို့တွေ့ အတွင်းရေးလျှို့ဝှက်အချက်အလက်တွေကို အခိုးခံလိုက်ရလို့မဖြစ်ဘူး"

"ဟုတ်ကဲ့ ဥက္ကဋ္ဌကျိုး"

ဟယ်ရှန့်က လှည့်လိုက်ပြီး သူ့ကွန်ပျူတာကို ဖွင့်လိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now