ဘာသာပြန်သူ - Chihiro lily
နောက်တစ်နေ့မနက် ဖယ်ဒရယ်၏ မြို့တော်ရှိ ကျိုးအိမ်တော်အတွင်း၌
" သူ အဲဒီလူတွေရဲ့ ပစ်မှတ်ဖြစ်သွားတာ ကျွန်တော့်ကို ကယ်ခဲ့လို့လေ၊ ကျွန်တော် သူ့ကို ကာကွယ်ရမယ်" ကျိုးယန်သည် သက်တော်စောင့်တစ်ခု၏ တားဆီးခံနေရ၏။ သူသည် ရုန်းကန်လို့မရသဖြင့် စိတ်ဆိုးမာန်ဆိုး အော်ဟစ်နေလေသည်။
" သခင်လေး စိတ်မပူပါနဲ့၊ ဥက္ကဋ္ဌကျိုးက မနေ့ကက အဲမိန်းခလေးကို ကာကွယ်ပေးဖို့ သက်တော်စောင့် နှစ်ယောက်ကို လွှတ်ထားပြီးပါပြီ" အိမ်တော်ထိမ်းက သူ့ကို လေးလေးနက်နက် နားချလိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက် သူ့ကို လိုက်ခဲ့သည့် လူတစ်စုက Sမြို့သို့ ပြန်ထွက်ပြေးသွားသည်ဟု တစ်ယောက်က သည်မနက်စောစောတွင် ကျိုးယန်ကို လာပြောပြသည်။ ကျိုးယန် ကြီးကြီးကျယ်ကျယ်လုပ်ပြီး ကျေးဇူးပြန်ဆပ် ချင်သည်ဟုဆိုကာ Sမြို့သို့သွားပြီး သူ့အသက်ကို ကယ်ပေးခဲ့သည့် မိန်းခလေးကို ကာကွယ်ပေးမည်ဟု တဇွတ်တိုးလုပ်နေတော့သည်။
သို့သော်ငြား ကျိုးယန်၏ ကိစ္စက ဖြစ်ထားသည်မှာ သိပ်မကြာသေးချေ။ သူ့ဒဏ်ကလည်း ပြန်မကောင်းသေးပေ။ Sမြို့သို့ သည်လိုအခြေအနေဖြင့် သွားခဲ့လျှင် ကျိုးရွှမ်းသိသွားသည်နှင့် ကျိူးယန်ကို သေချာပေါက် ဒေါသထွက်ပေတော့မည်။ ထို့ကြောင့် အိမ်တော်ထိန်းမှာ အပူတပြင်းဖြင့် သူ့ကို တားရတော့သည်။
" လူနှစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး လောက်မှာလဲ၊ ပြီးတော့ ကျွန်တော်အခု လမ်းလျှောက်နိုင်နေပြီ၊ ကျွန်တော်သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား တော့သွားပြောရမှာပေါ့၊ ခင်များ ကျွန်တော့်ကို တားဖို့ ဘယ်က သတ္တိတွေ ရောက်လာတာလဲ" ကျိုးယန်သည် ပိုဒေါသထွက်လာသော်ညလ်း သက်တော်စောင့်များက သူ့ကို ဝိုင်းထားကြရာ သူ့မှာ လုံးဝ ထွက်သွားလို့မရပေ။
" သခင်လေး အသံလျှော့ပါ၊ ဥက္ကဋ္ဌကျို့ အနားယူနေသေးတယ်...." အိမ်တော်ထိန်းသည် သူ့နဖူးပေါ်က ချွေးများကို သုတ်ရင်း စိုးရိမ်တကြီးပြောလေသည်။
YOU ARE READING
အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်
Romanceလုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတော့ အကောင်းဆုံးလုပ်ကြံရေးသမား ဂုဏ်ပုဒ်ကိုရခဲ့ပြီးတော့ လုပ်ကြံရေးသမားတွေကြားမှာ ပြိုင်ဘက်ကင်း legendတစ်ယောက်ဖြစ်လာခဲ့တယ်။ legendတစ်ယောက်ဖြစ်လာ...