အပိုင်း (၁၂၈ + ၁၂၉)

416 30 0
                                    

အပိုင်း (၁၂၈) မြို့တော်တက္ကသိုလ် ဝင်ခွင့်အာမခံ

ကျောင်းအုပ်ကြီးက သည်သတင်းကိုကြားပြီး အလွန်ပျော်နေမှန်း ရှန်ရှင်းသိလေသည်။ သို့သော် သူမက အလွန်စိုးရိမ်ကာ စိတ်လှုပ်ရှားနေသလို ဆက်ပြီးဟန်ဆောင်နေလိုက်သည်။

" ကျောင်းအုပ်ကြီးက သမီးအတွက် မြို့တော်တက္ကသိုလ်ကို ကူညီပြီးဆက်သွယ်ပေးစေချင်ပါတယ်ရှင်"

ရှန်ရှင်း၏ ရှက်ကိုးရှက်ကန်း ပုံစံက လူများကို နေရထိုင်ရခက်သွားစေသော်လည်း ကျောင်းအုပ်ကြီးကတော့ သိပ်ဂရုမစိုက်မိပေ။ သူဂရုစိုက်သည်က သူ၏နိုင်ငံရေးအောင်မြင်မှုများကိုပင်။ တကယ်လို့ ဒီရှက်ကိုးရှက်ကန်းနဲ့ ကောင်မလေးက သင်္ချာပါရမီရှင် ဖြစ်နေရင်တော့ ကိစ္စမရှိပါဘူး။

"ကျောင်းသူလေး အရင်ထိုင်နေပါ၊ ငါ အပြင်မှာ ခဏလောက်ဖုန်းသွားပြောအုံးမယ်"

ကျောင်းအုပ်ကြီးသည် ဆုံးဖြတ်ချက်ပြတ်သားသူပင်။ သူသည် ရှန်ယွဲ့၏ သရုပ်မှန်ကို အတည်ပြုလိုက်ပြီးနောက် သူက မြို့တော်တက္ကသိုလ်သို့ ချက်ချင်းဖုန်းခေါ်လိုက်တော့သည်။

" ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီးရှင့်၊ သမီး ဒီမှာ ထိုင်ပြီး စောင့်နေပါ့မယ်"

ရှန်ရှင်းသည် ကျောင်းအုပ်ကြီးက ဖုန်းခေါ်ပေးမည်ဟု ကြားလိုက်ရချိန်တွင် သည်ကိစ္စကို ဖြေရှင်းပြီးသလောက် ဖြစ်သွားပြီးဟု ခံစားလိုက်ရလေသည်။ သူမသည် စိတ်ချမ်းသာသွားကာ မအံ့ဩဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။

"အဲမှာပဲ ထိုင်မနေနဲ့ ၊ ရေ သောက်လိုက်အုံး၊ ခဏလေးစောင့်နော်"

ကျောင်းအုပ်ကြီးက အရင်ဆုံး ရေထုတ်စက်ဆီ လျှောက်သွားလိုက်ပြီး ရှန်ရှင်းအတွက် ရေနွေးတစ်ခွက် ထည့်ပေးလိုက်လေသည်။

နောက်ဆုံး သူမက အခုအချိန်မှာ သူတို့ကျောင်းရဲ့ ရတနာတစ်ပါးလို့ ပြောလိုက်ရတယ်လေ။ ဒီနှစ် သူ့နိုင်ငံရေးအောင်မြင်မှုတွေကိုလည်း နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ။ သူ တာဝန်လွဲယူလိုက်ပြီးပြီးချင်းမှာပဲ ဒီလိုကောင်းတဲ့ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်မလင့်မထားခဲ့မိဘူး။ တကယ်ပါပဲ။ ဘုရားသခင်က မ,စနေတာပဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now