part 21

656 22 6
                                    

Unicode:

မနက်ခင်းရဲ့နေရောင်ခြည်က ဒီနေ့မှတမူထူးပြီး စူးရှနေတာမျိုးမဟုတ်ပဲ နွေးထွေးလွန်းနေတယ်ခံစားရတယ်။တကယ်တော့နေရောင်ခြည်ကြောင့်နွေးထွေးနေတာမဟုတ်ပဲ ဘေးနားကချစ်ရသူကြောင့်ဆိုတာကတော့ တိမ်လွှာကိုယ်တိုင်သာအသိဆုံးပေါ့ဗျာ~~

ကြည့်ပါဦးမမမေဆို‌တဲ့လူသားက အိပ်နေတာတောင် ပြီးပြည့်စုံနေတဲ့ပုံစံ‌မျိုး။ ဘယ်နေရာကမှအပြစ်ရှာစရာမရှိလောက်အောင်ကို ပြစ်မျိုးမှဲ့မထင်ကိုလှတာ။ဒီလူသား‌လေးကတိမ်လွှာ့အပိုင်ပါဆိုတာတောင် တိမ်လွှာမယုံချင်လောက်တဲ့အထိကို မမကလှတာ။မမရဲ့မျက်နှာပြင်တစ်လျှောက်ကို အသာအယာ ကိုင်ကြည့်နေမိတော့ မျက်မှောင်လေးကြုတ်ပြီး နိုးလာတဲ့ မမပါလေ…။(မမမှာလဲဒီလိုအူယားပြီးချစ်ဖို့ကောင်းတဲ့အမူအကျင့်လေးတွေရှိပါရောလားနော်)

"နိုးနေပြီလား ချာတိတ်ရဲ့။အိပ်ရေးရောဝရဲ့လား…ဗိုက်ရောဆာနေပြီလား ကလေးလေးရဲ့…"

"ချစ်တယ်"  မမရဲ့မေးခွန်းတွေကများလွန်းလို့ဒါပဲအရင်င်ဖြေလိုက်မယ်နော် ဟီး။

"အာ ဒီကလေးကတော့လူကို အသည်းယားအောင်သိပ်လုပ်တာပဲနော်။"

"တိမ်လွှာကအသည်းယားအောင်လုပ်တာမဟုတ်ပါဘူးနော် မမကသာ တိမ်လွှာ့ကိုအရမ်းတွေချစ်ပြီး တိမ်လွှာဘာလုပ်လုပ်အသည်းယားနေတာဗျ…။"

"ဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီအတတ်ကလေးရယ် ။လာထ မနက်စာကိုယ်ကိုယ်တိုင်လုပ်ကျွေးမယ် ဘာစားချင်လဲတာပြော ဟုတ်ပြီလား…။"

ခေါင်းလေးကိုပုတ်ပေးလိုက်တော့ မျက်လုံးလေးတွေမှေးပြီး ရယ်နေတဲ့ကလေးလေးကတကယ်ကိုအူယားစရာအတိ။‌

ချာတိတ်ကိုအိမ်ပြန်လိုက်ပို့ပေးပြီး မေ အိမ်‌ပြန်ရောက်ရောက်ချင်း Video call ခေါ်လာတဲ့သူ့ရဲ့မိဘတွေနဲ့စကားပြောရင်းနဲ့ မမမေအခုလုပ်မဲ့ project အတွက် ရန်ကုန်ကပါးပါးသူငယ်ချင်းရဲ့သား ရှိုင်းခန့်ကကူညီပေးလိမ့်မယ်ဆိုပြီးအဲ့လူရဲ့ ph no မေ့ကို ပေးတယ်။ ပြီးတော့ပြောသေးတယ် ရှိုင်းခန့်နဲ့ ကိုယ်နဲ့ကငယ်ငယ်လေးတုန်းကအရမ်းချစ်ကြခင်ကြတဲ့သူငယ်ချင်းတွေတဲ့မှတ်မိလားတဲ့…ကိုယ်ကလဲ ငယ်ရုပ်နဲ့နာမည်ကိုတော့ရင်းနှီးနေပေမဲ့လူကိုတော့‌ေသချာမမှတ်မိတော့ဘူးလို့ ပြောလိုက်တော့

ကိုယ့်ရဲ့ချာတိတ်...🧡Waar verhalen tot leven komen. Ontdek het nu