Part 3

901 64 4
                                    

Unicode :

"ဒီနေ့ကမားမားမွေးနေ့မို့မားမားက အိမ်မှာမုန့်ဟင်းခါးချက်တယ်"

"ကိုယ်မကြိုက်တာအဲ့တာမားမားဆိုသည်မှာလေ ပါးပါးမျက်နှာတစ်ကမ္ဘာ..."

"ပါးပါးကမုန့်ဟင်းခါးအရမ်းကြိုက်လို့ မားမားကမားမားမွေးနေ့တိုင်းမုန့်ဟင်းခါးချက်တာမသိတာကျလို့..."

"မားမားတို့မကောင်းဘူး" လို့တိမ်လွှာငြီးငြူလိုက်တော့...

"အမယ်... ဒေါ်တိမ်လွှာတို့ငါ့ကိုအ‌ပိုတွေပြောတော့မယ်... သူမုန့်ဟင်းခါးမကြိုက်လို့ သူကြိုက်တဲ့ငါးသလောက်ပေါင်းလဲချက်ပေးထားတာကိုငါ့ကိုအပိုတွေလာပြောနေပြန်ပြီ..."

"ဟာ... မားမားကလဲ သားကချစ်လို့စတာကို ဘာလဲမားမားကငြိုငြင်တာလား"ဆိုပြီးနှုတ်ခမ်းဆူလိုက်တော့...

"ဟောဒီကမမချောကိုကျွန်‌ေတာ်မျိုးမမငြိုငြင်ပါဘူးရှင်"

"မားမားကလေအဲ့လိုပဲအရမ်းချစ်ဖို့ကောင်းတာ ဟိဟိ..."
(AN:အခုနကပဲမားမားတို့မကောင်းဘူးဆို🥲)

ကိုယ်လဲဘာမှလုပ်စရာမရှိတာနဲ့TVထိုင်ကြည့်နေလိုက်တယ်...

အနောက်ခန်းကနေ"အငယ်မရေ မားမားနင့်သူငယ်ချင်းတွေကိုဖိတ်ထားတယ်နော် အဲ့တာကလေးတွေရောက်လာရင်အရင်ဧည့်ခံထားလိုက်ဦး..."

"မားမားဆိုသည်မှာလေအဲ့လိုခွဲခြားခွဲခြားနဲ့မသိရင်ကိုယ်ကပဲမွေးစားသမီးကျနေတာပြ..."

ဘဲလ်တီးသံကြားလို့တံခါးသွားဖွင့်‌ေတာ့ကိုယ်သူငယ်ချင်းနှစ်ယောက်လာတာ"

အဲ့တာနဲ့ကိုယ်လဲ "မားမားရေ သားသူငယ်ချင်းတွေရောက်လာပြီနော်လို့ လှမ်းပြောလိုက်တော့"

"အေအေ...လာပြီလာပြီ"ဆိုပြီးပါးပါးနဲ့မားမားထွက်လာတယ်...

ကိုယ့်သူငယ်ချင်းနှစ်ယောက်ကလဲ "Happy Birthday ပါ အန်တီရေ"

"လာလာသမီးတို့အန်တီမုန့်ဟင်းခါးချက်ထားတယ် တခါတည်းစားလိုက်တော့နော်"ဆိုပြီးကိုယ့်သူငယ်ချင်းနှစ်‌ေယာက်ရယ်မားမားနဲ့ပါးပါးရယ်ကထမင်းစားခန်းထဲဝင်သွားကြတယ်...

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now