Part 7

664 51 0
                                    

Unicode :

ကိုယ်ရေချိုးခန်းထဲကထွက်လာတော့မားမားမရှိတော့ဘူးကိုယ်လဲဘယ်အရာကိုမှတွေးမနေချင်တော့တာနဲ့ အိပ်ဖို့ပဲစဉ်းစားလိုက်တော့တယ်။

"အငယ်မရေ ထမင်းလာစား"ဆိုတဲ့ခေါ်သံကြားတော့

"မစားတော့ဘူး မားမားရေ ဗိုက်တင်းနေပြီ"ဆိုပြီးကိုယ်‌အိပ်လိုက်တော့တယ် အောက်ထပ်မှာဘာတွေဖြစ်နေလဲဆိုတာလဲကိုယ်မ‌တွေးချင်တော့ဘူး ကိုယ်အရမ်းကိုပင်ပန်းနေပြီလေ…

မနက်စာစားဖို့မားမားလာနိုးတော့ကိုယ်မျက်နှာမလန်းတာကိုမားမားသတိထားမိသွားတယ်ထင်ပါရဲ့…

"သမီးတိမ်လွှာနေမကောင်းဘူးလား"  လာစမ်း ဒီနားဆိုပြီးကိုယ်ပူတိုင်းကြည့်လိုက်တယ် 

ဒီကလေးဒီလောက်တောင်ဖျားနေတာ မားမားကိုဘာလို့လာမပြောတာလဲ။ လာ လာ မနက်စာစားပြီးဆေးခန်းမားမားလိုက်ပို့မယ်။

"ဆေးသောက်လိုက်ရင်သက်သာသွားမှာပါ သားဆေးခန်းမသွားချင်ဘူး…"

"အင်း အင်း ဟုတ်ပြီ ဆေးသောက်လို့မသက်သာရင်တော့ဆေးခန်းသွားရမယ်နော် သမီးလေး…"

"ဟုတ် မားမား"

"လာ အောက်မှာမနက်စာသွားစားကြမယ်"

"ဟုတ်"

အောက်ရောက်တော့ မမမေရယ် ကိုကိုရယ် ပါးပါးရယ်ကထိုင်နေကြတယ်။မမမေကမနက်စာပါလာစားတာလား ဒါမှမဟုတ် မနေ့ကဒီအိမ်မှာအိပ်တာလား။

"လာလေ သမီးလေး ဘာတွေငေးနေတာလဲ"

"ဟုတ် လာပြီ ပါးပါး ဒါနဲ့ မမမေက…"

"ဪ သမီးမေကိုမားမားခေါ်ထားတာလေ ဒီနေ့ကရုံးပိတ်ရက်လေ  အိမ်မှာမုန့်လုပ်စားကြဖို့ သမီးမေကိုပါခေါ်လိုက်တာ" မားမားကညကတည်းကဒီမှာညီမ‌ေလးနဲ့ အိပ်လိုက်‌လို့ပြောကိုသမီးမေကမနက်မှပဲလာပါတော့မယ်ဆိုပြီးပြန်သွားတာသမီးရဲ့။

"ကဲ မားမားရေ သားတို့ဗိုက်ဆာနေပြီဗျ"

"အေအေ စားကြစားကြ သားတို့ သမီးမေထည့်စားနော်"

"ဟုတ် မားမား"

ကိုကိုကလေ မမ‌မေကိုဟင်းတွေထည့်ပေးနေတယ်။ပြီးတော့ပြောသေးတယ် ညီမလေးမေကြိုက်တဲ့ဟင်းဆိုပြီး တကယ်ကိုကြည်နူးဖို့ကောင်းလွန်းတဲ့မြင်ကွင်းဆိုပေမဲ့ ရင်ထဲကတော့သေလောက်အောင်နာရတယ်။

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now