ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၇)
ယွမ်ကျိုး ၏ စားသောက်ဆိုင်တွင် အရည်ရွှမ်းသော ဖက်ထုပ်ကို မှန်ကန်စွာ စားသုံးတတ်သူ တစ်ဦးတလေမျှ မရှိပေ။ ပူလွန်းသောကြောင့် လေကို အဆက်မပြတ် ရှူရှိုက်နေရသော်လည်း အဆီအနှစ်ကို စွန့်လွှတ်ရန်လည်း ဝန်လေးနေကြသည်။ သူတို့အားလုံး၏ တူညီသောအမူအရာက ရွှင်လန်းနေသော အမူအရာဖြစ်သည်။
“ဒီလောက်အရသာရှိတဲ့ ဖက်ထုပ်ကို ပထမဆုံးအကြိမ် စားဖူးတာပဲ။ ဆိုင်ရှင်လေး၊ မင်းက တကယ်တော်တယ်"
ဖက်ထုပ်ကို အရင်ဆုံးစားပြီးသောအဘိုးအိုက သူ့ဝါးတူကို အောက် ချလိုက်ပြီး စိတ်ခံစားမှု အပြည့်ဖြင့်သက်ပြင်းချလိုက်သည်။
"ဆိုင်ရှင်လေး၊ မင်းရဲ့လက်ရာက ရှီဇီကန် နားက ရာစုနှစ်ဟောင်း စားသောက်ဆိုင်တွေထက်တောင် ပိုသာလွန်တယ်"
သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်ကာဆက်ပြောသည်။
"တခါက တရားဝင် စီးပွားရေးလုပ်ဖို့ ခရီးထွက်ပြီး လမ်းခုလတ်မှာ ရှီဇီကန်ကို ဖြတ်သွားတယ်။ ငါ့ရဲ့စီးပွားရေးလုပ်ငန်းပြီးသွားတော့ အဲဒီစားသောက်ဆိုင်က အရည်ရွှမ်းတဲ့ ဖက်ထုပ်ကို စားဖို့အတွက်နဲ့ နောက်ထပ်တစ်ရက် တည်းခိုခဲ့တယ်။ မင်းရဲ့ စားသောက်ဆိုင်နဲ့ ယှဉ်ရင် အဲ့ဒီဆိုင်မှာ လာစားတဲ့ လူအုပ်က ပိုများတယ်၊ မုန့်လုပ်သူကလည်း တကယ့်ကျွမ်းကျင်တဲ့သူကွဲ့"“အဲဒီတုန်းကလည်း ငါ့ပါးစပ်ထဲက အဆီအနှစ်တွေ မထွက်အောင် ပါးစပ်ကို အတင်းဖိထားလိုက်ရတယ်။ အဲဒါကို ကမ္ဘာ့အဆင့်မီ စားကောင်းသောက်ဖွယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် အခု ဆိုင်ရှင်လေးရဲ့လက်ရာကို စားပြီးသွားတော့ ဒါကအကောင်းဆုံးလို့ငါထင်သွားပြီ”
အဘိုးအို၏ မျက်နှာပေါ်တွင် ကြည်ညိုလေးစားမှု အသွင်ပေါ်လာပြီး ယွမ်ကျိုးကို ချီးမွမ်းသည်။
"ချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက ကြင်နာသောစကားကို လက်ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သက်ကြီး ဝါကြီး၏စကားကို နာခံသင့်သည်။
YOU ARE READING
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
HumorMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...