ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၆)
ယွမ်ကျိုးက မျောက်ကြီးကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ခြင်းကို မြင်တွေ့ရသောအခါ
အလီ နှင့် စွန်းမင်တို့ မရယ်မောနိုင်ပေ။ သူတို့နှင့် အတူတူပါလာသော တခြားသူငယ်ချင်းများလည်း နည်းနည်း အံ့သြသွားသည်။သူဌေးက သူ့ဧည့်သည်များကို ယဉ်ကျေးသိမ်မွေ့စွာ ဧည့်ဝတ်ကျေပွန်ပြီး အပိုချက်ပေးသင့်သည်ဟု တွေးမိသည်။ သူဌေးက မျောက်ကြီးကို ပြတ်ပြတ်သားသား ငြင်းပယ်ရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။
မျောက်ကြီးက ပခုံးဆက်ခနဲ တွန့်ကာ ထိုင်ခုံမှာ ထိုင်လိုက်၍ သူ့မိတ်ဆွေများကလည်း အတူတူ လိုက်ထိုင်သည်။
ချန်ကျန်းရှီက ထိုင်ခုံမှာ နေရာယူပြီးနောက် သူက ပန်းအိုးများကို လက်ညိုးထိုးပြသည်။
"သူဌေး၊ မင်းရဲ့ စားသောက်ဆိုင်က သိပ်မကျယ်ဘူးလေ။ ဒီပန်းအိုးတွေက နေရာအရမ်းမယူဘူးလား"ယွမ်ကျိုးက သူ့စားသောက်ဆိုင်ထဲ ထိုင်ခုံ ၈ လုံးတည်းသာရှိ၍ မကျေနပ်သော်လည်း သူ့Levelနိမ့်သောကြောင့် လက်ခံရမည်။ သို့သော်လည်းဖက်တီးက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော စကားများ ပြောလာ၍ သူ့ဒဏ်ရာ ကို ဆားဖြင့် လာပက်သကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ယွမ်ကျိုး သည် သူ့ဒေါသထွက်နေသော ခံစားချက်ကို ထိန်းထားပြီး သူ့ထုံးစံအတိုင်း မျက်နှာထားခပ်တည်တည် ပြုမူလိုက်သည်။
"ဘာလို့လဲ...ပန်းအိုးတွေက ကြည့်လှပါတယ်"
ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် ဟန်ဆောင်ပန်ဆောင် ပြန်ဖြေသည်။“…” ချန်ကျန်းရှီ က ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။
ချန်ကျန်းရှီက စကားဆက်မပြောဘဲ ငြိမ်သက်နေစဉ် သူတို့အတွက် ကြက်ဥထမင်းကြော် မှာကြားပေးသူက စွန်းမင် ဖြစ်သည်။
"ခဏလေးပဲစောင့်။ ချက်ချင်း အဆင်သင့်ဖြစ်စေရမယ်” ယွမ်ကျိုးက ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။ ထို့နောက် ချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။
YOU ARE READING
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
HumorMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...