ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၀)
[မစ်ရှင်ဆုလာဘ်-အစုံလိုက် ကြက်ဥထမင်းကြော် (ရယူနိုင်သည်)]
အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးမှ အသစ်အဆန်းတစ်ခုကို ရယူနိုင်ခဲ့သည်။
ယွမ်ကျိုးက သူ့ဆုလာဘ်ကို ရယူရန် မစ်ရှင်ဘောင်ကို နှိပ်လိုက်သည်။
မစ်ရှင်ကပေးအပ်သောဆုသည် ပထမအကြိမ် ရရှိသောဆုနှင့် မတူညီပေ။ သူ့စိတ်ထဲသို့ အလိုအလျောက်ဝင်လာသော စာအုပ် မဟုတ်ခဲ့ချေ။ သူ့ဆုလာဘ်ကို ရွေးပြီးနောက်၊ မန်ဒရင်းစာလုံးတစ်ကြောင်းတည်းသာ ပေါ်လာသည်။
စနစ်က “ဆိုင်ရှင်က ကြက်ဥထမင်းကြော်အတွက် အရံဟင်းလျာတွေ ပြင်ဆင်စရာ မလိုပါဘူး။ ၎င်းတို့ကို စနစ်က အလိုအလျောက် ပံ့ပိုးပေးမည်ဖြစ်သည်”
“အို့စ်..ဒီလိုပဲ ဖြစ်သင့်တာပေါ့။ ဘာမှ သင်ယူစရာ မလိုတော့တာ အံ့သြစရာ မရှိဘူး၊ ဒါက ပထမဆုံး အကြိမ်ကလောက် မထူးဆန်းတော့ဘူး” သူ့မေးစေ့ကို ပွတ်သပ်ရင်း ယွမ်ကျိုး က သူ့ကိုယ်သူ ပြောလိုက်သည်။
"တစ်ပွဲရဲ့ဈေးနှုန်းက ဘယ်လောက်လဲ"
စနစ်က "တစ်ပွဲ၏စျေးနှုန်းသည် ၂၈၈ယွမ်ဖြစ်သည်"
“...”
ယွမ်ကျိုးက ဈေးနှုန်းကိုမြင်သောအခါ စကားမပြောနိုင်အောင် ဆွံ့အသွားသည်။ သူ ခဏတွေးကြံပြီးနောက် အတည်ပြုချက်ရှာဖွေသည်။
"အစုံလိုက်ထမင်းကြော် တစ်ပွဲမှာ ကြက်ဥထမင်းကြော်အပြင် ပင်လယ်ရေမှော်ဟင်းချိုနဲ့ မုန်လာဥချဉ်တွေပဲ ပါဝင်တာမဟုတ်လား"စနစ်က "ဟုတ်ပါတယ်"
"ဒါဆို ဘာလို့များ ကြက်ဥထမင်းကြော်တစ်ပွဲထက် ယွမ်၁၀၀ ပိုများနေတာလဲ"
နတ်ဘုရားအဆင့်ထမင်းကြော် ကို စျေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချခြင်းကို ယွမ်ကျိုး လက်ခံနိုင်သည်။ ပါဝင်ပစ္စည်းများမှာ ရှန်းရွှေဆန်နှင့် အလွန်တန်ဖိုးရှိသော ကြက်ဥဖြစ်သည်။ ထို့ကြောင့် ဈေးသတ်မှတ်ချက်က သင့်တင့်မျှတသောစျေးနှုန်းဖြစ်သည်။
YOU ARE READING
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
HumorMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...