Part(7): Unicode+ Zawgyi

230 28 0
                                    

" နွေးထွေးရိပ်မြုံ မိဘမဲ့ဂေဟာ "

  မြို့အစွန်တွင် အခြေခံလူတန်းစားရပ်ကွက်ရှိနေသော မိဘမဲ့‌ဂေဟာလေးက ခြံဝင်းလေးတစ်ခုနှင့် သီးသန့်ဖြစ်တည်နေလသည်။ ထိုအထဲတွင် အသက်အရွယ်အမျိုးမျိုးနှင့် ကလေးငယ်များရှိနေကြလေသည်။ အကြောင်းအရင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံလိုက်ရသော ကလေးငယ်များ၏ ရှင်သန်ရာ နေရာတစ်ခုသည် နှစ်ထပ်အိမ်ဟောင်းလေးတစ်ခုသာ ဖြစ်လေသည်။ အိမ်ဟောင်းနှင့်အတူ သီးနှံစိုက်ခင်းတစ်ခုနှင့် အဝတ်အထည်များကို လှန်းထားသည့်ဂေဟာကို ကြည့်ရုံနှင့် ထို‌နေရာပိုင်ရှင်ကကြွယ်ဝသူ မဟုတ်သည်ကို သိနိုင်ပေသည်။သာမန်နေ့များတွင် ထိုဂေဟာက ကလေးများသည် စိုက်ခင်းထဲက သီးနှံများကို ရောင်းချခြင်းနှင့် အဝတ်လျှော်သည့်လုပ်ငန်းကို လုပ်၍  နေ့စဉ်ကိစ္စများ ဖြေရှင်းရသည်။ ပြီးလျှင် အစိုးရဖွင့်လှစ်ထားသော ကျောင်းသို့ သွားရလေသည်။

   ယနေ့တွင်တော့ ထိုဂေဟာရှေ့တွင် လူစုလူဝေးတစ်ခုဖြစ်နေလေသည်။ ဝတ်ကောင်းစားလှတွေ ဝတ်ထားသော မိန်းမကြီးတစ်ဦးက ထိုဂေဟာရှေ့တွင် ဆူပူသောင်းကျန်းနေလေသည်။

"နင်တို့တွေ အသိတရားမရှိကြဘူးလား ? နင်တို့ရဲ့အဆင်အခြင်မဲ့တဲ့ အပြုအမူတွေကြောင့် ငါ့သမီးလေး ထိခိုက်သွားရင် ဘယ်လိုလုပ်မှာလဲ ! ငါ့အဖိုးတန်သမီးလေးကို ထိခိုက်နစ်နာစေတဲ့ နင်တို့ကို တရားစွဲပစ်မယ်။ ဆိုဆုံးမမဲ့သူ မရှိဘဲ ကြီးပြင်းလာတဲ့ အရိုင်းအစိုင်းတွေ ၊ ခေါ်လိုက်စမ်းပါ နင်တို့ဂေဟာမှူးကို ၊ အလကား အုပ်ထိန်းမှု မရှိဘဲ ပျက်စီးနေတဲ့ကောင်တွေ  "

"အိမ်ရှေ့ လာပြီး ဘယ်သူ့ကို ပြောနေတာပါလဲ ! ငါက သူတို့အမေပဲ  "

ချန်ကီက အချိန်ပိုင်းအလုပ်ကနေ သတင်းကြားကြားချင်း ပြေးလာခဲ့တာကြောင့် သူမ အနည်းငယ်မောဟိုက်နေပေမဲ့ ကလေးငယ်များကို ပြသနာဖြစ်သည်ကြားတာကြောင့် သူမက အပြေးလာခဲ့လေသည်။ ကလေးတွေက သူမရောက်လာတော့မှ မျက်နှာများရွှင်လန်းလာပြီး အလိုလိုပင် သူမနောက်ကို ပုန်းနေကြလေသည်။ သားသမီးတိုင်းအတွက် အမေသည် အမြဲတမ်းပင် အားကိုးစရာမဟုတ်ပေလော။ ဂေဟာက ကလေးတွေအတွက်ကလည်း သူမသည် သူတို့၏ အမေလိုပင် ဖြစ်တာကြောင့် သူမလာသောအခါတွင် ကလေးများက သူ့မဆီကို တိုးဝှေ့လာတော့လေသည်။ ချန်ကီသည် ကလေးများကိုနှစ်သိမ့်ပေးလိုက်၍ ထိုအမျိုးသမီးကို ဖြေရှင်းရန် ပြောဆိုလေသည်။ 

Happy Marriage : Days After 24 Years OldWhere stories live. Discover now