Part (1): Unicode

779 42 2
                                    


သတ်မှတ်ချက် သုံးမျိုးနှင့် လည်ပတ်နေသော လောကကြီးထဲက အရာရာအားလုံးက အစဉ်မကျစွာ လည်ပတ်နေလျက်ရှိသည်။ လူတို့ကလည်း မွေးဖွားစဉ်ကတည်းက သတ်မှတ်ချက် ၃ မျိုးနှင့် သူတို့၏ဘဝတွေကို ပုံဖော်ခဲ့ပြီးသားဖြစ်သည်။

Alpha, Omega နဲ့ Beta ။

အင်အားကြီးမားခြင်း၊သန်မာခြင်း၊ရဲရင့်ခြင်း၊စွမ်းဆောင်နိုင်ခြင်း၊အောင်မြင်ခြင်းနှင့် ပိုင်ဆိုင်လိုစိတ်ပြင်းထန်ခြင်းဟူသော ဂုဏ်ပုဒ်များဖြင့် မွေးဖွားလာသော Alpha တို့သည် ဘဝတစ်လျှောက်လုံး တစ်ပါးသူတို့၏ဘဝများက်ု နိုင်လိုမင်းထက်ပြုခြင်း၊စိုးမိုးခြယ်လှယ်ခြင်းတို့ကို ပြုတတ်လျက် ဝင့်ကြွားစွာ တည်ရှိသည်။ လူတိုင်းက မွေးဖွားလာကတည်းက အယ်လ်ဖာတစ်ယောက်ဖြစ်ဖို့သာ ဆုတောင်းကြသည်။ အယ်လ်ဖာတို့သည် လူတိုင်း၏ အထင်ကြီးလေးစားခြင်းကိုသာ ခံရလျက် မိသားစုတိုင်းက သူတို့မိသားစုတွင် အယ်လ်ဖာများ ရှိခြင်းကို ဂုဏ်ယူကြသည်။ မွေးကတည်းက ဘုရားသခင်က အယ်လ်ဖာများကို သန်မာကြံခိုင်သော ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လိုက်လျောညီထွေနေတတ်သော သားရဲကောင်များကို လူကဲ့သို့ ဖန်ဆင်းထားလိုက်ခြင်း ဖြစ်သည်။ ပိုင်ဆိုင်လိုစိတ်ပြင်းပြလှသော အယ်လ်ဖာများသည် ပြင်းထန်သော ဖယ်ရိုမုန်းများ(phenomenon ) ထုတ်လွှတ်ကာ လွှမ်းမိုးလိုစိတ်ကို ပြသကြသည်။ အယ်လ်ဖာအများစုသည် စစ်သားများ၊တိုက်ခိုက်ရေးသမားများ၊ အားကစားသမားများ၊ လေယာဉ်မှူးများနှင့် လယ်သမားများစသော ကြမ်းတမ်းသည့်အလုပ်များကို လုပ်ကိုင်လေ့ရှိသည်။

ဒုတိယအနေနှင့် အိုမီဂါများသည် လှပခြင်း၊နူးညံ့ခြင်း၊ညင်သာခြင်း၊သိမ်မွေ့ခြင်း၊နုနယ်ခြင်း၊ထိခိုက်လွယ်ခြင်းနှင့် အားနည်းခြင်းစသော လက္ခဏာများသာ ပိုင်ဆိုင်လျက် ဤလောကကြီးတွင် မျိုးပွားဖို့အတွက်သာ ဖန်ဆင်းထားသည့်သတ္တဝါများဖြစ်သည်။ ထိခိုက်ပျော့ညံ့လွယ်သော ခန္ဓာကိုယ်တည်ဆောက်ပုံများရှိလျက် သူတို့သည် အရွယ်ရောက်လာသည်နှင့် မိတ်ဖက်ရှာရသည်။ သူတို့သည် တစ်ကိုယ်ရေတည်းရပ်တည်ရန် အားနည်းလွန်းသည်။ အထက်တန်းကျောင်းပြီးသည်နှင့် အိုမီဂါများသည် ကမ်းလှမ်းခံရသော အယ်လ်ဖာများ၏ မိတ်ဖက်များဖြစ်လာပြီး သူတို့သည် မိသားစု၏ မိခင်များဟူသော နာမည်အောက်ရောက်သွားလေသည်။ အိုမီဂါတို့၏ လှပနူးညံ့ခြင်းတို့က ကြမ်းကြုတ်သော အယ်လ်ဖာတို့၏ ပိုင်ဆိုင်လိုစိတ်ကို လှုံ့ဆော်ပေးတာကြောင့် သူတို့ကို လိုချင်သော အယ်လ်ဖာများရန်ကလည်း ရှောင်ရှားရ‌သည်။ ချိုမြမွှေးကြိုင်ကာ ဆွဲဆောင်မှုရှိသော ဖယ်ရိုမုန်းရနံ့တွေက အိုမီဂါတစ်ဦး၏ ဂုဏ်ကျက်သရေပင် ဖြစ်သည်။

Happy Marriage : Days After 24 Years OldTahanan ng mga kuwento. Tumuklas ngayon