Part (2) : Unicode

376 37 6
                                    


   ချန်ကီသည် မိုလန်နှင့် တခြားသောသူများကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ သူမသည် ယခင်က ဘီတာတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ခဲ့ခြင်းကြောင့်လား မသိပေမဲ့ အဘယ်ကြောင့် လောက၏စည်းမျဉ်းများကို အိုမီဂါများက မဖြစ်မနေလိုက်နာရန်လိုအပ်ပါသနည်း။ အယ်လ်ဖာများ၏ စည်းကမ်းဖောက်ခြင်းကို လျစ်လျူပြုကာ အပြစ်များကို သူမတို့အပေါ်သာ လွှဲချရခြင်းကို နားမလည်နိုင်စွာဖြစ်နေစဉ် ချန်ကီ့အမေဖြစ်သူက ချန်ကီအနားလာကာ သူ့ကို လူမမြင်အောင် ဆိတ်ဆွဲလျက် တိုးတိုးပြောလေသည်။

"နင် လူကြီးတွေကို မျက်နှာ ပျက်အောင် လုပ်ချင်နေတာလားဟမ် ! အိုမီဂါဖြစ်ပြီးတော့ ကလန်ကဆန်လုပ်ချင်သေးတာလား ? နင့်ဆီမှာ အရှက်တရားဆိုတာ ရှိသေးရဲ့လားဟမ် ! "

"ဘာလို့ သမီးက လိုက်နာရမှာလဲဆိုနေမှ ! "

" နင် မိသားစုကို မျက်နှာပျက်အောင် လုပ်ရမှ ကျေနပ်မှာလားဟမ် ! မြန်မြန်ဖြေပေးလိုက်စမ်း၊ နင်နော် အဟင်း ဟင်း " ချန်ကီ့အမေဖြစ်သူက ချန်ကီ၏ ဝဖိုင့်ဖိုင့်လက်မောင်းကို နာကျင်အောင် ညှစ်ပြီးနောက် သူမက သူမနေရာတွင် ပြန်ထိုင်လိုက်သည်။

မိုလန်ကတော့ လက်ထပ်ပွဲကို လေးစားမှုမရှိစွာပင် လေချွတ်လိုက်ပြီး ချန်ကီကို စနောက်လိုက်သည်။
" ဖားပြုတ်လေး ဒီတစ်ခါတော့ ကောင်းကောင်းဖြေနော် "

လက်ထပ်မင်္ဂလာပွဲက စိတ်ပျက်စရာကောင်းစွာ၊ အနှောင့်အယှက်ဖြစ်ရစွာနှင့် ပြီးဆုံးသွားလေသည်။ လက်ထပ်ပွဲပြီးဆုံးသည်နှင့် မိုလန်မိသားစုက ချန်ကီ့အမေ့ကို သုညတွေအများကြီးစီတန်းနေ‌သော ချက်လက်မှတ်တစ်ခုပေးကာ ပြန်ပို့လိုက်သည်။ ထိုအခါက သူ့မိသားစုနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းပင် ဖြစ်သည်။

ကိစ္စအဝဝပြီးသွားချိန်၌ နေ့လယ်အချိန်ပင် ရှိနေလေပြီ ဖြစ်သည်။ မိုလန်က ချန်ကီကို အတူခေါ်သွားရန် မလိုလားပေမဲ့ မိုလန့်အမေနှင့်အဖွား‌ကြောင့် မိုလန်က သူမကို ထိုအပန်းဖြေစခန်းကို ရောက်စ၌ မူလထားရှိသော အိမ်ကိုအတူ‌ပြန်လာခဲ့သည်။ မိုလန်၏အမေဖြစ်သူ ဟယ်လ်စီယွန် (Halcyon ) က ရှေ့ခန်းတွင် ထိုင်ကာ မိုလန်၏ အဖွားဖြစ်သူ အန်နီမွန်(Anemone) က ချန်ကီနှင့်အတူ ကားနောက်ဖက်တွင်ထိုင်နေကြလေသည်။ ကားအတွင်း မည်သူကမှ စကားမပြောကြတာကြောင့် လေထုအခြေအနေက အတော်ကိုပင် ကသိကအောက်ဖြစ်ဖွယ်ကောင်းလှသည်။ ချန်ကီက သူမ၏ ဝတုတ်သော ခန္ဓာကိုယ်ကြောင့် ကားနောက်ပိုင်းတွင် ထိုင်ရသည်က သက်တောင့်သပ်သာမဖြစ်ပေ။ ထို့အပြင် အသက်ကြီးကြီးအဖွားလည်း ရှိနေသေးတာကြောင့် သူမက တစ်ဖက်လူနဲ့မထိမိစေရန် ကိုယ်ကို အတတ်နိုက်ဆုံးကျုံ့ကာ ထိုင်နေလေသည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now