Unicode
နာရီကိုကြည့်လိုက်တော့ မနက်9နာရီခွဲနေပြီ။ ဘုန်းဆက်အခုချိန်ထိ
ပြန်မရောက်သေး။ဝန်ထမ်းတွေအကုန်လုံးလဲကျွန်းပင်ကြီးအောက်
မှာ သက်သာအနေအထားဖြင့် တုပ်တုပ်မျှမလှုပ်ရဲ။ တိုင်းခေါက်တုံ့
ခေါက်ပြန်လျှောက်ရင်း တက်ခေါက်လိုက်သည်။ ဝန်ထမ်းတွေထဲမှာ စည်းကမ်းမလိုက်နာတဲ့လူဆို ဒီကောင်တစ်ယောက်ပဲဖြစ်မည်။ဒါသက်သက် စံအိမ်သခင်ကိုမလေးမစား အိုးမဲသုတ်တာမဟုတ်ဘူးလား။နဂိုအတိုင်းပြန်နေမည်ဟုပြောလိုက်သည့်အပေါ်မှာဘယ်လောက်
တောင်မကျေမနပ်တွေဖြစ်နေလို့ သူ့ကိုတောင်ဂရုမစိုက်တော့ပဲ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်နဲ့ ထင်တိုင်းကြဲနေရတာလဲ။စည်း
ကမ်းဆိုတာထက် ဒီအချိန်မှာ သူ့ဘေးကနေ ပျောက်ကွယ်ပြီး တစ်ခုခုဖြစ်သွားမှာကိုလဲ စိုးရိမ်နေမိသည်။ ကိုယ့်စိတ်ကိုယ်တောင် အနိုင်နိုင်
ထိန်းချုပ်နေရတာတောင် သူက ဒီလိုလုပ်နေမှတော့ ဘယ်မှာစိတ်ဖြောင့်နိုင်ပါ့မလဲလေ...။ထိုစဉ်ဒေါ်မြညိုရောက်လာပြီး
"သခင်လေး၊richardရောက်နေပြီ ဂိတ်မှာတဲ့"
"ဒီကိုတန်းလာခိုင်းလိုက်"
"ဟုတ်ကဲ့"
၁၅မိနစ်လောက်ကြာပြီးမှဒေါ်မြညိုနဲ့အတူနောက်မှပါလာပြီးတန်းစီရပ်နေသည့် ဝန်ထမ်းတွေဘေးသွားရပ်သည်။ ကြည့်လိုက်လျှင်မျက်
နှာတစ်ခုလုံးနီမြန်းနေပြီး တစ်ညလုံး'ကစ်'ထားသလားထင်ရလောက်အောင် မျက်လုံးတွေကအစဖောရောင်နေသည်။ဝန်ထမ်းတွေလဲ ဘေး
စောင်းကြည့်ကာ ရန်ဖြစ်လာတာလား။တစ်ခုခုများလားဆိုပြီးတွေးနေ
ဟန်။ မျက်လွှာအောက်ချပြီး ဘာစကားမှစပြောမလာတဲ့ဘုန်းဆက်ကိုကြည့်ပြီး တိုင်းလက်သီးဆုပ်မိသည်။ပြီးမှ"richard thwinမင်းဘာစည်းကမ်းဖောက်ထားသလဲ မင်းကိုယ်မင်းသိလား"
တိုင်းလေသံက တည်နေငြိမ်နေသော်လည်း အံကြိတ်သံပါသွားသလားမသိချေ။
"ဟုတ်ကဲ့သိပါတယ်"
တိုးရှရှလေသံကြောင့် ပိုပြီးရင်ပူလာကာ မျက်မှန်အောက်ကနေဘုန်း
ဆက်ကိုတစ်ချက်ကြည့်လေသည်။မျက်လွှာချကာ ငြိမ်သက်နေသည့်လူကိုကြည့်ပြီး တိုင်းသက်ပြင်းရှိုက်၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ
YOU ARE READING
DOUBLE T(OR) BE MY LORD [ Completed ]