Ep_12

5.4K 298 1
                                    


Unicode

"အဲ့ဒီတောင်ထိပ်လား"

"ဟုတ်ပါတယ်"

နယ်ရောက်သည်နှင့်လေလံပွဲမစခင် ရက်ပိုင်းအလိုကြိုထွက်လာ
၍ဟိုတယ်ရောက်တာတောင်အနားမယူနိုင်ပဲမြေနေရာကိုချက်ချင်းလာကြည့်ခြင်းဖြစ်သည်။မြို့ပြနဲ့တော့အလှမ်းဝေးနေပေမယ့် သူ့နေရာနှင့်သူတော့စည်ကားလှ၏။ မြေနေရာကအပြင်လက်တွေ့မှာတော့
တောင်ကတော်တော်မြင့်ပြီး တိုင်းရပ်နေသည့်နေရာဆိုလျှင် ဒုတိယတောင်ကုန်းလေးဟုသာဆိုရလောက်မည်။တောင်ပေါ်ကနေကြည့်လိုက်ရင်တော့ရှုခင်းတွေက စိမ်းစိမ်းစိုစိုနှင့်လှပ၏။ တောင်ထိပ်မှာမှ
တြိဂံပုံမြေပြန့်ဖြစ်နေသောကြောင့် ဟိုတယ်တည်ဆောက်မည်ဆိုလျှင်
ကားပါကင်အတွက် မြေအောက်ထပ်တူးရမည့်ပုံ။မဟုတ်လျှင်တော့
ကားပါကင်ကို ရဲတိုက်၏အလယ်မှာ ခါးပတ်ကွင်းအနေဖြင့် သီးသန့်
တည်ဆောက်ရမည့်သဘောပင်ဖြစ်သည်။

(e.g) ရဲတိုက်ပုံစံဟိုတယ်ဟာ အထပ်30ဆောက်မည်ဆိုလျှင် 15
ထပ်လောက်မှာရဲတိုက်၏အလယ်ကနေ အဆောက်အဦးအတွင်းပိုင်းမှာ ကားပါကင်ဆောက်လုပ်ရမှာဖြစ်ပြီး15ထပ်၏အပြင်ကနေလမ်း
ကြောင်းလုပ်ကာ ကားအဝင်အထွက် အတွက်ခါးပတ်ကွင်းလိုပုံစံတည်ဆောက်ပြီး မြေပြင်အထိချိတ်ဆက်ရမည့်သဘော။
အလွယ်ပြောရမည်ဆိုလျှင်တော့ အာကာသထဲမှ ဂြိုဟ်တွေရဲ့ဂြိုဟ်ခါးပတ်ကွင်းလိုပုံစံ လမ်းကြောင်းပါပဲ။အပေါ်15ထပ်အောက်15
ထပ်နှင့်အဆောက်အဦး၏အလယ်မှာတော့ ကားပါကင်တည်ဆောက်
မည့်သဘောမျိုးဖြစ်သည်။

ရှုခင်းတွေကိုပြန်ကြည့်လိုက်တော့ အပင်ကြီးတွေတော်တော် များများရှိကာ တောအုပ်လေးထဲမှာ မှထိုးထွက်နေသော တောင်စောင်းလေးတစ်ခုအတိုင်းပင်။ ရာသီဥတုကတော့ တိမ်ထူထပ်ကာအနည်းငယ်ညို့မှိုင်းနေလေသည်။ဒါကြောင့်လဲ ဒီမြေဟာ လေလံဆွဲရသည်အထိပင်နာမည်ရနေတာအသေအချာဖြစ်သည်။

"ဒါဆိုကျွန်တော်တို့လေလံပွဲကျတွေ့ကြတာပေါ့"

မြေနေရာလိုက်ပြတဲ့တာဝန်ရှိသူတစ်ဦးကခေါင်းငြိမ့်ပြီးဖိုင်တွဲကိုင်ကာ ပြန်ဆင်းသွား၏၊တိုင်းလဲမြေနေရာကြည့်ပြီး တောင်စောင်းအောက်
ပြန်လာသည်နှင့်ကိုစိုးလင်းက စောင့်နေသည်။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now