Unicode
"သခင်လေး"
ခေါ်သံကြောင့် ဆောက်လုပ်ရေးကုမ္ပဏီမှ ပေးပို့ထားသည့်ဟိုတယ်
ဒီဇိုင်းပုံကြမ်းတွေကိုကြည့်ရင်းနဲ့မှမျက်လွှာတစ်ချက်ပင့်ကြည့်သည်။ ထို့နောက်macbookကို ပိတ်ပြီးစားပွဲပေါ်တင်လိုက်သည်နှင့် အခန်းပြတင်းကြီး အပြင်ဘက်မှလေအေးအေးတစ်ချက်ကတိုးဝှေ့တိုက်ခက်သွား၏။ အိမ်တော်ထိန်းကြီးကိုကြည့်လိုက်ပြန်တော့မျက်နှာမကောင်းရှာ။ နောက်မှပါလာသည့်ဝန်ထမ်းကောင်မလေးနှစ်ယောက်ကလဲခေါင်းငုံ့ထားကာကြောက်ရွံနေသလိုပင်။စံအိမ်မှာဘာပြဿနာရှိလို့လဲ။ဒေါ်မြညိုက မျက်လွှာချထားသည်။ထို့နောက်...
"ခြံထဲမှာရန်ဖြစ်နေကြလို့"
"ဘယ်သူတွေလဲ"
"ဘုန်းဆက်နဲ့ ဝန်ထမ်းကောင်လေးတစ်ယောက်"
အလုပ်တွေဒီလောက်ပေးထားတာတောင် ရန်ဖြစ်နိုင်သေးတယ်။
စည်းကမ်းချက်တွေကိုမလိုက်နာသည့်လူဆို ပြစ်ဒဏ်ကတော့ပေါ့
လျော့မည်မဟုတ်။ ရန်ဖြစ်ခြင်းတားမြစ်ထားသည်ကိုတောင်ရှေ့ဆုံး
ကနေ ဖောက်ဖျက်တဲ့လူက ကိုယ့်လူ။တိုင်း မျက်နှာတည်တင်းသွားပြီး အခန်းထဲမှ ထွက်လာ၏။ရာသီဥတု
ဖိအားကတော့ ပြောစရာမလိုအောင်ပြင်းထန်လှသည်။ ခြေတစ်လှမ်းလျှောက်တိုင်း ရွှေရောင်မျက်မှန်ချိန်းကြိုးလေးက ဘယ်ညာယိမ်းကာ လှုပ်ခါနေလေသည်။183cmအရပ်ကြီးဖြင့် သေးသွယ်နေသော..
ခါး၏ကောက်ကြောင်း။ ကျစ်လစ်ပိန်ပါးတဲ့ခန္ဓာကိုယ်က လမ်းတစ်ခါလျှောက်တိုင်း မာန်အပြည့်။ဒေါ်မြညိုနှင့် မိန်းကလေးနှစ်ယောက်ကနောက်မှ ဘယ်နှင့်ညာကုပ်
ကုပ်လေးလိုက်ပါလာတော့ စံအိမ်တစ်လျှောက်အလုပ်လုပ်နေသည့်
ဝန်ထမ်းမလေးတွေကတစ်ချက်ကြည့်လေသည်။ ဘာထူးလို့လဲဆို
သည့်သဘော။ ဒေါ်မြညို ခေါင်းသာယမ်းပြလိုက်မိသည်။ခြံဝင်းကြီး၏ဘယ်ဘက်လမ်းတစ်လျှောက်မှာ တမာပင်ကြီးများ၏
အကိုင်းအခက်များဖြင့်ဖုံးအုပ်နေလေသည်။ တမာပင်ကြီးရဲ့အောက်မှာတော့ လူနှစ်ယောက်လုံးထွေးပုပ်သတ်နေကာ နှစ်ပတ်လောက်လိမ့်သွား၏၊ထို့နောက် ဖိနပ်ဦးချွန်တစ်ခုနှင့်ထိတိုက်မိလျှင် နှစ်ယောက်စလုံးမော့ကြည့်လိုက်သည်။ တိုင်းကလက်ပိုက်ရပ်ရင်း ငုံ့မိုးကြည့်
နေကာ မျက်ဝန်းတွေကတော့ လိုတာထက်ပိုအေးစက်နေသည်။
YOU ARE READING
DOUBLE T(OR) BE MY LORD [ Completed ]