Hello Hello အရှေ့အပိုင်းလေးတွေမှာ မပြောလိုက်ရတာလေးတွေ ကိုယ် ပြောပြချင်လို့ပါ ...
ပထမဆုံးအနေနဲ့ကတော့ ...
မေမြို့မှာ မိုးကြိုပန်းလေးတွေ ပွင့်နေပါပြီလို့ ... မှတ်မိတယ်မလား ... ခန့်နဲ့ နွေဦးငယ် ဓာတ်ပုံသွားရိုက်ကြတဲ့ နေရာက ပန်းလေးတွေလေ ...
နောက်က အိမ်ကတော့ ယုဇနမြိုင်မဟုတ်ပေမယ့် အင်္ဂလိပ် လက်ထပ်တုန်းက အိမ်ပါပဲလို့ ... အရင်ကဆို ဒီချိန် အဲ့လို အိမ်တွေထဲက တစ်အိမ်ကို ခြေဦးက လှည့်ပြီးပေမယ့် အခုတော့ အိမ်တွင်းပဲ အောင်းနေရပါတယ် ...
ဒုတိယတစ်ခုကတော့ ...
ချယ်ရီလမ်းထောင့်က ဆန်တို့ဟူးသုပ်လေးပါ ...
ဒန် တန့်တန် ...
သူကတော့ ဆန်တို့ဟူးဆိုတဲ့ အတိုင်း အရသာမှာတော့ ဆန်အနံ့လေး နည်းနည်းပါပါတယ် ... ဒါပေမယ့် သူက ကိုယ်တို့ စားနေကျ တို့ဟူးပုံစံလေးပါပဲ ... အရသာလဲ မကွာပါဘူး ... အရည်ကလဲ တို့ဟူးသုပ်စားရင် ဆမ်းစားတဲ့ အရည်ပါပဲ ... နံနံပင်တွေ များပေမယ့်လို့ ...
ВЫ ЧИТАЕТЕ
မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]