Part 19(Zawgyi&Unicode)

6.7K 650 15
                                    

[Zawgyi]

🎼🎼There goes my heart beating ... That you're the reason ... I'm lisimg my sleep ... Please come back now ... There goes my mind racing ... And you're the reason ... That I'm still breathing ... I'm hopeless now ... 🎼🎼

ဘာရယ်မဟုတ် မင်းမြတ် facebook လဲ မသုံးချင် ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတာကြောင့် MX player ထဲက Calum Scott ရဲ့ You are the reason ကို repeat လုပ်ပြီး ထိုင်ကြည့်နေလိုက်သည်။ Music video လေးကို ကြည့်နေရင်း သွေးခန့်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ နေ့က သွေးခန့် ပြောခဲ့တဲ့ စကားတွေက အထပ်ထပ် ... တိတ်ဆိတ်နေတဲ့ ထင်းရှူးတောထဲမှာ သူရူးတစ်ယောက်လိုကို မျက်ဝန်းထောင့်တွေပါ နီရဲပြီး မင်းမြတ်ကို အော်ဟစ် ပြောဆိုခဲ့တဲ့ သွေးခန့် ပုံစံက မျက်လုံးထဲက မထွက် ... ဟုတ်သည် ... သွေးခန့်နဲ့ မင်းမြတ် အဆက်အသွယ်မရှိတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ ... သွေးခန့်ဘက်က မဆက်သွယ်လာခဲ့သလို မင်းမြတ်ကလဲ မဆက်သွယ်ခဲ့ ...

ကုန်ကုန်ပြောရရင် မင်းမြတ်ဘက်ကသာ သွေးခန့်နဲ့ ပတ်သတ်နေတာတွေ အကုန်လုံးကို ဖြတ်တောက်ထားခဲ့တာ ... Facebook account ကို deviate လုပ်ထားပြီး သွေးခန့်ကို sms တွေရော phone တွေကပါ block ထားခြင်း ... တွက်ကြည့်မယ် ဆိုရင် သွေးခန့်နဲ့ မင်းမြတ်က ခင်ကြတာ မကြာသေးဘူးဆိုပေမယ့် သွေးခန့်ကို မင်းမြတ် သံယောဇဉ်ရှိပါသည်။ အရင်ကတည်းက ပေါင်းလာတဲ့ သူသူနဲ့ ကိုစိုင်းတို့နဲ့ ယှဉ်ရင်တောင် တစ်ခုခုဆို သွေးခန့်ကို ဦးစားပေးမိနေတာ မင်းမြတ် ကိုယ့်ကိုယ်ကို သိသည်။ အမှန်ဆို ထင်းရှူးတောထဲမှာ နောက်ဆုံးတွေ့ခဲ့ရတဲ့ အချိန်တုန်းက သွေးခန့် စကားတွေကို မင်းမြတ် ပြင်းပြင်းထန်ထန် မငြင်းဆန်ခဲ့သင့် ... အေးအေးဆေးဆေး ပြောရင်လဲ ဒီစကားကို ရုတ်တရက် သွေးခန့်ဆီကနေ သူ့ကို ချစ်နေကြောင်းတွေ ကြားလိုက်ရတော့ မိမိက ယောက်ျားတစ်ယောက်ဖြစ်နေတာကြောင့် လက်မခံနိုင်တာတွေ ပေါင်းကာ နှစ်ဦးသား အပျက်အပျက်နဲ့ နှာခေါင်းသွေးပါ ထွက်ခဲ့ခြင်း ...

သွေးခန့်နဲ့ အဆက်အသွယ် မလုပ်ခဲ့တဲ့ ဒီလေးရက် အတွင်း မင်းမြတ် သေချာစဉ်းစားထားသည်။ သွေးခန့်ကို ပြန်ခေါ်ပြီး နားလည်အောင် ပြောပြမည်။ ဒီလို ကိစ္စအတွက်နဲ့ သွေးခန့်နဲ့ မင်းမြတ်ကြားက သံယောဇဉ်ကို မင်းမြတ် မပျက်စီးစေချင် ... သွေးခန့်ကိုလဲ မဆုံးရှုံးချင်တာ အမှန်တရား ... သွေးခန့်နဲ့ ပြန်တွေ့ပြီး နှစ်ယောက်ကြား အေးဆေးညှိနှိုင်းကြမယ်လို့ မင်းမြတ်တွေးလိုက်သည်။ တွေးတွေးပြီးချင်း မင်းမြတ် ဖုန်းကို ကောက်ကိုင်ပြီး သွေးခန့်ကို ဖုန်းခေါ်ဖို့ပြင်သည်။ Black list ထဲက သွေးခန့် ဖုန်းနံပါတ်ပြန်ထုတ်ပြီး မင်းမြတ် ဖုန်းခေါ်တော့သည်။ ပထမတစ်ခါ ဖုန်းဝင်တော့ သွေးခန့်ဘက်က မကိုင် ... အချိန်ပြည့်သွားတော့ ကျသွားသည်။ နာရီကြည့်လိုက်တော့ ည ကိုးနာရီသာရှိသေးတာမလို့ အိပ်နေတာတော့မဖြစ်နိုင် ... မင်းမြတ် နောက်တစ်ခါ ထပ်ခေါ်တော့ သွေးခန့်ဘက်က ချက်ချင်းကိုင်သည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now