အခန်း(၁၁၈) သုတေသန အဖွဲ့အစည်းကို ချင်းချွမ် ရောက်လာတယ်

672 83 0
                                    


လောင်ရွှေအန်း နောက်လှည့်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ယိလင်။ နောက်ကို ကားထဲမှာ ခုံပုလေး ဆောင်ထားပါ့မယ်။ ငါ့ကားပေါ် တက်တဲ့အခါ ဒုက္ခ မတွေ့အောင် သေချာ လုပ်ပေးမယ်! ခုံပုမရှိတဲ့အခါကျရင် ချန်းယွီကို မြေပေါ် ကုန်းခိုင်းပြီး ခုံပုအဖြစ် သုံးလို့ရတယ်!"

ကျမ့်ယိလင် နည်းနည်းရှက်သွားသည်။ သူမ အရပ်က တကယ်ပဲ ပြဿနာရှိပါသည်။

သူမ ခုတလော အစားကောင်းကောင်းစားပြီး လေ့ကျင့်ခန်းလည်း မှန်မှန် လုပ်ပါသည်။ သူမ နည်းနည်းလောက် အရပ်ပိုရှည်လာဖို့ မျှော်လင့်ထားသည်...။

လောင်ရွှေအန်း အဖွဲ့အစည်းဝင်ပေါက်နားကို မောင်းလာသောအခါ လမ်းလယ်မှာ လူတစ်ယောက် မတ်တပ်ရပ်နေတာကို သတိထားမိသွားသည်။ သူမ လမ်းကို လာပိတ်နေပါသည်။

သို့သော်လည်း လောင်ရွှေအန်းက ဒီလို အခြေအနေမျိုးတွေနဲ့ အသားကျပြီးသား ဖြစ်သည်။ ပေးတဲ့အကြံကို နားမထောင်တတ်တဲ့ လူမျိုးတွေ အမြဲတမ်း ရှိတတ်သည်။ အဖွဲ့အစည်းဝင်ပေါက်နားကို ရောက်လာကြပြီး အဝင်အထွက်ကို ပိတ်ထားလေ့ရှိကြသည်။ သူတို့ချစ်ခင်ရသူတွေရဲ့ ဆေးမှတ်တမ်းကို သုတေသန အဖွဲ့အစည်း ဝက်ဘ်ဆိုက်မှာ တင်ထားရတာ မလုံလောက်ဘူးဟု ထင်ကြသူတွေပဲ ဖြစ်သည်။

ဒီလိုလုပ်ရပ်တွေနဲ့ ပတ်သတ်လာရင် ဘာကြောင့် သူတို့ ဒီလို လုပ်ကြရသလဲဆိုတာကို အဖွဲ့အစည်းက နားလည်ပေးနိုင်ပါသည်။ ကိုယ်ဂရုစိုက်တဲ့လူတွေနဲ့ ပတ်သတ်လာသည့်အခါ လူတွေ စိတ်ခံစားချက် ပြင်းပြတတ်ကြတာပဲ မဟုတ်လား။

ထို့ကြောင့်သူတို့ကိုလည်း ရက်ရက်စက်စက် မဆက်ဆံချင်ပါ။

သို့သော်လည်း ယုတ္တိရှိရှိ ရှုထောင့်က ကြည့်ရလျှင် သူတို့ရဲ့ လုပ်ရပ်မှ ဘာမှ ရမလာနိုင်ပေ။ သူတို့ လုပ်ရပ်တွေက ဘာမှ အာနိသင်မရှိဘဲ သုတေသန ပညာရှင်တွေနဲ့ အဖွဲ့အစည်းအတွက် မလိုအပ်တဲ့ ပြဿနာတွေကိုသာ ပိုဖြစ်စေပါသည်။

လောင်ရွှေအန်း ကားကိုရပ်လိုက်ပြီး ပြူတင်းမှန် ချလိုက်သည်။ လမ်းမှာ လာပိတ်နေသည့် လူကို သူမ အော်လိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now