အခန်း(၁၁၅) လူသားသဲအိတ် (၁)

675 75 0
                                    


"ဟမ်"

ယွီရှိ ကြောင်စီစီဖြစ်သွား၏။ ခုလေးတင် နတ်ဘုရားလေးလင် Boy Band ကိုကြည့်နေတာ သူသေချာပါသည်။ ဘာလို့ ဝန်မခံတာလဲ။

ယွီရှိ ခေတ္တစဉ်းစားကြည့်ပြီးနောက် ခေါင်းပြန်လှည့်လာသည်။ ရုတ်တရက်ကြီး ကျမ့်ယိလင်နဲ့ ကျိုက်ယွင်ရှန်းတို့ ထွက်သွားကြပြီ ဆိုတာကို သတိထားလိုက်မိပါသည်။ သူ့ကိုတောင် မစောင့်ကြပါ။

"နင်တို့နှစ်ယောက်... ဘာလို့ ငါ့ကိုထပ်ထားခဲ့ပြန်ပြီလဲ... လူစိတ်မရှိကြဘူးလား...."

သူရီဝေနေစဉ် သူတို့နှစ်ယောက် သူ့ကို ထပ်စွန့်ပစ်သွားပြန်ပါပြီ။

သူတို့က ကျီမင်ရဲ့ တိုက်ခန်းတည်ရှိရာ ရပ်ကွက်ကို ရောက်နေတာ ဖြစ်သည်။

ဒီနေ့ည ကျမ့်ယိလင်အတွက် ကျိုက်ယွင်ရှန််း ရှာပေးထားသည့် လူသားသဲအိတ်ဆိုတာ ကျီမင်ပဲ ဖြစ်ပါသည်။

သူတို့သုံးယောက် ကျီမင်ရဲ့ တံခါးရှေ့ကို ရောက်လာသောအခါ ကျိုက်ယွင်ရှန်းရဲ့ ဘော်ဒီဂတ်တွေက ကြိုစောင့်နေပြီးသား ဖြစ်သည်။

သူတို့ သုံးယောက် ရောက်လာတာကို မြင်သောအခါ ဘော်ဒီဂတ်တွေက တံခါးကို အတင်းဆောင့်ဖွင့်လိုက်သည်။ ကျီမင်မှာ ပြန်တုန့်ပြန်ဖို့ အချိန်တောင် မရလိုက်ပေ။

ကျိုက်ယွင်ရှန်းတို့ ဝင်လာတာကို မြင်သောအခါ ကျီမင် ချက်ချင်း ယဉ်ယဉ်ကျေးကျေးပြုံးလိုက်ပြီး ကျိုးနွံသည့်ပုံစံ ဟန်ဆောင်လိုက်ပါသည်။

"ဆရာရှန်း၊ အစ်ကိုကြိး ယွီရှိ ဘာကိစ္စရှိလို့လဲဗျ။ တစ်ခုခုလိုရင် ကျွန်တော့်ကို ပြောလိုက်ရောပေါ့။ ကိုယ်တိုင် လာစရာ မလိုပါဘူးဗျာ..."

ကျီမင်တစ်ယောက် သူ့မျက်နှာပေါ်က အပြုံးကို ထိန်းသိမ်းဖို့ အသည်းအသန် ကြိုးစားနေရပါသည်။

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက အကြိမ် ၅,၀၀၀ ကြိုးခုန်ခဲ့ရသည်။ ထို့နောက် ရက်ပေါင်းများစွာက ကြွက်သားတွေ တောင့်တင်းနေခဲ့ရ၏။

လမ်းလျှောက်ဖို့ ကြိုးစားလိုက်တိုင်း မံမီကြီးတစ်ကောင်လို ဆန့်တငင်ငင် ဖြစ်နေပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now