( Uni )နွေ၏ အငွေ့အသက်ကား တဖြည်းဖြည်းချင်း မှေးမှိန်လာလေပြီ။ မိုးရာသီ၏ ဖုံးလွှမ်းမှုမှာ အားကောင်းလာလေသည်။ ကျောင်းဖွင့်ချိန်ဖြစ်၍ ကျောင်းသားများ မိဘများ တဖြတ်ဖြတ်နှင့် ခပ်သွက်သွက် လမ်းလျှောက်နေကြ၏။ ထိုအချိန်ကောင်းကင်ကြီးကား ၀မ်းနည်းကာ ငိုနေလေ၏။ ကျောင်းသားများမှာ မိုးကား၀တ်စုံနှင့် ထီးကလေးများကိုယ်စီဖြင့် ကျောင်းရှေ့ စုပြုံနေကြ၏။ မိဘများမှာမူ ထမင်းချိုင့်လေးကိုင်ကာ မိမိကလေးများ ကျောင်းစတက်မည့်နေ့ကို စိတ်လှုပ်ရှားနေကြလေ၏။
ဟော......ကျောင်းခေါင်းလောင်းထိုးလေပြီ။
ကျောင်းသားများ ကျောင်းထဲသို့ ခပ်ကျပ်ကျပ်၀င်ကြရလေသည်။ ကျောင်းသားအများစုမှာတော့ လွယ်အိတ်အသစ် ခံတံ ပေတံ ခဲဖျက် မှအစ ကျောင်း၀တ်စုံ ဖိနပ်အဆုံး အသစ်သစ်တို့ဖြင့် စိတ်လှုပ်ရှားကာနေကြ၏။ အင်း တစ်ချို့ကျောင်းသားများမှာတော့ ငိုကြလေသည်။ မိဘများမှာလည်း ချော့မော့ကာ ထားခဲ့ရလေ၏။မိုးကား အဆက်မပြတ်ရွာနေလေသည်။ သည်းကြီးမည်းကြီး နှင့် ဒေါတပုံထနေဟန်တူသည်။ နွေဦးတစ်ယောက် ပထမဆုံးနေ့မှာတင် ကျောင်းနောက်ကျလေ၏။ ကျောင်းထဲသို့ ခြေကုန်သုတ်ပြေးကာ ၀င်လာလေသည်။
"ဟဲ့ သား နင်ဘယ်အတန်းကလဲ....."
အသက်ကြီးကြီး ခပ်၀၀နှင့်ဆရာမတစ်ယာက် လှမ်းမေးလေ၏။
"ဒီနှစ်မှစတက်တာပါ ဆရာမ...."
"အေး အေး အဲ့တာဆို ဆရာမ လိုက်ပို့ပေးမယ်နော် သားအခန်းဆီကို..."
"ဟုတ်ကဲ့ပါ ဆရာမ..."
"နေဦး မသွားခင် ဆရာမ တစ်ခုပြောဦးမယ်...."
"ဟုတ်ကဲ့...."
"ဒီနေ့တော့ ပထမဆုံးနေ့ဖြစ်လို့ သားနောက်ကျတာ ဆရာမ မဆူဘူးနော်....နောက်နေ့တွေ နောက်မကျစေနဲ့ ကြားလား သား..."
"ဟုတ်ကဲ့ပါ ဆရာမ နောက်ဆိုစောစောလာပါ့မယ်..."
"အိုး....ချစ်စရာလေးပဲ သားလေးက နာမည် ဘယ်လိုခေါ်လဲ "
"နွေဦးပါ ဆရာမ.."
"နာမည်လေးကလည်း လှသကိုးကွယ့်...."
YOU ARE READING
Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )
Romanceတစ်ခါ ချစ်မိပြီဆိုမှတော့ တစ်သက်လုံး ပိုင်ဆိုင်ချင်တာပေါ့။