Chapter 2

20 3 0
                                    


( Uni )

   နာရီလက်တံတစ်ချက် ထိုးပြီ။ နွေရာသီ၏ အဆုံး နီးကပ်လာသော်လည်း ပူစမြဲပူဆဲဖြစ်သည်။ ထိုအချိန်တွင် နွေဦးတစ်ယောက် နေပူကျဲတဲတွင် ထီးမပါ ဦးထုပ်မပါနှင့် ခပ်ကျဲကျဲလျှောက်နေလေ၏။ သူ၀တ်စားထားပုံက ယခုခေတ် ဖက်ရှင် မျက်လုံးများဖြင့်ကြည့်လျှင် ရိုးလှသည်။ တီရှပ် အဖြူနှင့် ဂျင်းဘောင်းဘီအကျပ် ၀တ်ကာ ‌ခပ်သွက်သွက်ဖြင့် လမ်းကြားတစ်ခုတည်းသို့၀င်သွားသည်။ ထိုလမ်းသည် လူနေတိုက်ခန်းများပြီး အထက်မြင့်တိုက်ခန်းများ ဖြစ်သောကြောင့် ဘေးဘက်များတွင် အရိပ်များ ရှိနေ၏။ နွေဦးကား ထိုလမ်း၏ နေရိပ်သော ဘက်မှမ‌လျှောက် ‌ထိုနေပူသော နေရာ၌သာ ဆက်လျှောက်နေသည်။ နွေဦးသည် တစ်ခုခုကို စိတ်လောနေပုံရသည်။

လျှောက်ရင်းလျှောက်ရင်းနှင့် ကော်ဖီဆိုင် တစ်ဆိုင်ရှေ့ကိုရောက်သည်။ ကော်ဖီဆိုင်ထဲသို့ ခြေလှမ်းလှမ်းခြင်းပင် ‌ထိုဆိုင်က ဝိတ်တာ တစ်ယောက်က ခက်သွပ်သွပ်လာလေသည်။ နွေဦးသည် ထိုဆိုင်၏ အမာခံပရိတ်သတ်ဖြစ်သည်။ ထိုဆိုင်စစဖွင့်ကတည်းက အမြဲတမ်း ကော်ဖီ လာသောက်နေကြဖြစ်သည်။ ထိုဆိုင်၏ စားပွဲထိုးတစ်ယောက်ဖြစ်သော ကိုသက်နှင့်လည်းရင်းနှီးလေ၏။ ထိုပြေးလာသော သူကား တစ်ခြားသူမဟုတ် ကိုသက်ဖြစ်သည်။ ကိုသက်သည်းတစ်ခုခုပြောချင်နေပုံပေါက်သည်။

"‌ကိုနွေဦး အမျိုးသမီးတစ်ယောက် အကို့ကိုစောင့်နေတယ်..."

"အေးပါ....ကိုသက်....ဒါနဲ့သူဘယ်မှာ...."

"‌အပေါ်ထပ်မှာပါ....ကိုနွေဦး...."

"အေးပါ.....အေးပါ....ငါတက်သွားလိုက်မယ်..."

ထိုနောက် နွေဦးကား ‌Mocha တစ်ခွက်မှာကာ အပေါ်သို့တပ်လာခဲ့သည်။ ထိုအမျိုးသမီးသည် လှေကားကို ကျောပေး၍ ထိုင်နေလေသည်။ ဆံပင်ကား အရှည်ဖြစ်ပြီး ကျောကုန်းလောက်ထိရှိမည်။ထိုဆံပင်ကိုမှ စည်းထားကာ ရွှေရောင်သန်းသန်းလေး ဆိုးထား၏။ ‌နွေဦးလည်းထိုဝိုင်းဘက်ကို လျှောက်သွားကာ ထိုင်ခုံပေါ်တွင် ၀င်ထိုင်သည်။

"ဒီတစ်ခေါက်တော့ စောပါလား.....မြခင်....."

"ချိန်းထားတိုင်း ခင်တို့က အမြဲနောက်ကျတော့ ဒီတစ်ခါစောစော လာရတာပေါ့ ရှင်...."

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Where stories live. Discover now