"မမဖြူ....မမဖြူနဲ့ ဖုန်းပြောချင်လို့ပါတဲ့...ပြည်ပကဆက်သွယ်လာပါတယ်"
တိမ်လွှာမှာ လုပ်လက်စအလုပ်များရပ်ကာ ဖုန်းကိုယူကာကိုင်ရတော့သည်။
"Hello...""......."
"ဟုတ်ကဲ့.....ဒါဆို လာမယ့်တနင်္လာနေ့မှာ ဖြူ့ရုံးခန်းမှာရှိပါမယ်...အဲ့နေ့အဆင်ပြေမလားရှင့်"
"......"
"ဟုတ်ကဲ့ပါရှင့်" ဖုန်းကိုချပြီးနောက်
"သူသူရေ.....သန့်ဂေဟာအတွက် ကွန်ပျူတာစာရင်နဲ့ နည်းပညာဆရာမစာရင်းက ဘယ်လိုအခြေအနေရှိလဲ"
"ဟုတ်ကဲ့မမဖြူ....သူသူဆွဲထားတဲ့စာရင်းတွေလာပို့ပေးပါ့မယ်"
"ပြီးတော့ သင်တန်းသားအသစ်ခေါ်ယူထားတဲ့စာရင်းတွေကော လာပို့ပေးပါအုံး"
"ဟုတ်ကဲ့ပါမမဖြူ"
သူသူထွက်သွားသည်နှင့် လင်းလာသော ကွန်ပျူတာscreenသည် ရှုပ်ထွေးသော Coding များဖြင့်ပြည့်နှက်နေတော့သည်။
အာရုံစိုက်ရသည်။ အာရုံစိုက်ထားပါ။ အာရုံလွင့်လို့မဖြစ်ပါ။
ဒီအပတ်သည် အတော်ပင်ပင်ပန်းသော အပတ်ဖြစ်သည်။ သွားလေသူ ဦးမင်းသန့်ဦးမှာ တိမ်လွှာနှင့်ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်ပြီး ဝါသနာတူ၊ အလုပ်တူ ပရဟိတ မောင်နှမလည်းဖြစ်သည်။
နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်နေသည့် မိဘမဲ့ကလေးများအား နည်းပညာအခမဲ့သင်တန်းဖွင့်လှစ်ရန် စီစဉ်ပြီးခါစ အကောင်အထည်ဖော်သောကာလမှာပင်
ကွယ်လွန်လေသောကြောင့် လုပ်လက်စအလုပ်များသည် တိမ်လွှာ၏တာဝန်ဖြစ်လာခဲ့သည်။ထို့သည်သာမက ဦးမင်းသန့်ဦး ဦးစီးလျှက်ရှိသော "သန့်ဂေဟာ"သို့လည်း တိမ်လွှာမှာ တစ်ရက်ခြားတစ်ခါ သွားရောက်ဦးစီးပေရသည်။
ယခုအခါ ဦးမင်းသန့်ဦး၏ တစ်ဦးတည်းသောညီဖြစ်သူ ပြည်ပတွင်နေထိုင်သော ဦးညီသန့်ဦးမှာ အမွေဆိုင်ကိစ္စများနှင့်မိသားစုရေးရာများကို လာရောက်စီစဉ်ဖို့ရာ ပြန်လာမည်ဟုသိရသည်။ နာရေးမမှီသည်မှာလည်း Visaမရဟူ၍သိရသည်။
ဘယ်လိုဖြစ်ဖြစ် တိမ်လွှာ၏ဝန်များ တစ်နည်းတစ်ဖုံတော့ လျော့သွားမည်ဟုမျှော်လင့်မိသည်။
—————-
၃ရက်ခန့်ကြာသော်