အပိုင်း ၁

42 2 0
                                    


" သန့်ဂေဟာတည်ထောင်သူ ဦးမင်းသန့်ဦး အသတ်ခံရ"

ဆိုသည့်သတင်းမှာ တရားဝင် သတင်းစာကြီးများတွင် ဖော်ပြခြင်းမရှိပေမယ့် Online platforms အတော်များများတွင်တော့ တောမီးသဖွယ်ထိန်းမရအောင်ပျံ့နှံ့နေသော သတင်းပင်ဖြစ်သည်။

အကြောင်းမှာ ဦးမင်းသန့်ဦး၏ အများလေးစားရသော ပရဟိတသမားကြီးဆိုသည့် ဂုဏ်ပုဒ်ကြောင့်ဖြစ်ပြီး
လူသတ်သမားဟု ယူဆရသူမှာ စီးပွါးရေးလောကတွင် အမျိုးသားစီးပွါးရေးလုပ်ငန်းရှင်များနှင့် ရင်ဘောင်တန်းအောင်မြင်နေသည့် ထိပ်တန်းအမျိုးသမီးစီးပွါးရေးလုပ်ငန်းရှင်ဖြစ်သော အချက်ကြောင့်ဖြစ်သည်။

သို့ပေမယ့် များမကြာမီအချိန်မှာပင် ထိုသတင်းမှာ Online Platforms များအားလုံးတွင်ဖျက်ချခြင်းကို ခံခဲ့ရသည်။

ဦးမင်းသန့်ဦးအသတ်ခံရသည်မှာ မြူတိမ်တစလွင့်ပါးသွားသည်နှယ် ။

———————-

ကားနက်ကလေးတစ်စီးသည်
"တိမ်လွှာ နည်းပညာသင်တန်းကျောင်း"
ဟုအမည်ရသော ခြံဝန်းထဲသို့ တငြိမ့်ငြိမ့်လှိမ့်ဝင်လာကာ စင်ဝင်ရှေ့တွင် ထိုးရပ်သည်။

ကား၏ Lover seat ဘက်မှ တံခါးပေါက်ကာ တဖြေးဖြေးပွင့်လာပြီးနောက် chunky loafer အနက်ကလေးသည် တစ်လှမ်းချင်း ခြေချကာ style pant နို့နှစ်ရောင်နှင့် ဆင်ဆွယ်ရောင် polar shirt ကလေးဝတ်ထားပါသော အဆင့်အတန်းမြင့် ဆင်ယင်ပုံတစ်ခုမှ မျက်နှာဝိုင်းကလေးကို မိတ်ကပ်ပါးလိမ်းခြယ်ကာ ဆံပင်အပြောင်သိမ်းစည်းထားသည့် အမျိုးသမီးမှာ ရိုးရိုးယဉ်ယဉ်ကလေးဖြင့် အေးချမ်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။

လက်တွင်း ဖိုင်တွဲတစ်ချို့နှင့် များပြားလှသော စံပါယ်ပန်းကုံးများကိုကိုင်ကာ သင်တန်းကျောင်းထဲ ဝင်သည်နှင့် ကျောင်းရှိဝန်ထမ်းကလေးများမှာ သတိအနေအထားဖြင့် ခိုးကြည့်လိုက်ခေါင်းငုံ့လိုက်ဖြင့်။

တိမ်လွှာဖြူ ကျောင်းအတွင်းဝင်ရောက်ပြီးသည်နှင့် ကားနက်ကလေးမှာ လေအနှင်ဖြင့်ထွက်ခွါလေတော့သည်။

"တိမ်လွှာဖြူ"

"တိမ်လွှာ နည်းပညာသင်တန်းကျောင်း"၏ ကျောင်းအုပ်ဖြစ်ပြီး ပရဟိတလုပ်ငန်းများနှင့် နည်းပညာတွင်း ဆရာတစ်ဆူဖြစ်ခြင်းကြောင့် ကောင်းသတင်းဖြင့်ကျော်ကြားသူဖြစ်သည်။

ပင်လယ်ပြာရဲ့ တိမ်လွှာ-Sinking in the OceanWhere stories live. Discover now