အပိုင်း(၃၂)

5.5K 366 16
                                    

သခင့်ပေါင်ပေါ်ကိုခေါင်းထားပြီးအိပ်ပျော်နေသည့်က‌ေလးငယ်၏မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သခင့်လက်တွေနဲ့ ဖယ်ရှားပေးလိုက်သည်။မျက်နှာနုနုပေါ် လက်ကလေးနှင့်တို့ထိမိတော့ ရင်ခုန်မှုဟာ လှိုက်ခနဲဖြစ်ရပြန်၏။ဘုရားစူးပါ၏။မောင်နဲ့တုန်းက မရခဲ့တဲ့ရင်ခုန်မှုတွေကဒီကလေးနဲ့မှစတင်ခဲ့ရတာပါ။

သူနှိုးသွားမှာစိုးလို့ ခြေတစ်ဖက်ကျဥ်နေတာကို‌တောင်မလှုပ်ရဲဖြစ်ရသည်။

သူ့မျက်နှာလေးငေးမိရင်းတစ်ချိန်တုန်းကမှတ်ဉာဏ်တွေဆီကို သခင်ခဏပြန်သွားမိလိုက်သည်။

"မေမေ..သမီး ဟိုကလေး‌ေလးဆီသွားဦးမယ်"

"အေးအေး သမီး..သိပ်တော့မကြာစေနဲ့နော်"

"အင်းပါ မေမေရဲ့ မကြာပါဘူး"

၂နှစ်သာသာပဲရှိသေးသည့်ကလေး‌ေလးဟာ ချစ်စရာကောင်းလှသည်။လက်ရွေးတတ်တဲ့ထိုကလေးဟာ အဲ့ဒီအချိန်ကတည်းကသခင့်ကိုတော့ စိမ်းမနေဘဲ ဘယ်အချိန်ခေါ်ခေါ် သခင့်ဆီကိုလိုက်သည်။

"သခင်"

ကလေးသံလေးနှင့်ခေါ်သည့်သူ့အသံ‌ေလးမှာချစ်စရာကောင်းလှသည်။သခင်ထိုအချိန်ကတည်းကမှတ်မိပါသည်။

"ထမင်းစားပြီးပြီလား"

"ပြီးပြီ"

"သခင် မီးမီးကိုချစ်လား"

သခင်နဲ့တွေ့တိုင်းထို့သို့မေးတတ်‌ေသးသည်။

"ချစ်တာပေါ့"

ငယ်ငယ်က သူ့ကိုယ်သူမီးမီးလို့သုံးတတ်သည်။အရွယ်ကလေးနည်းနည်းကြီးလာမှသာ 'လင်း'ဆိုပြီး သုံးလာခဲ့တာ။အခုတော့ သူ့ကိုယ်သူ ကျွန်မတဲ့လေ။

"ဦးဦးနဲ့ ဒေါ်ဒေါ်ပြောတာ..သခင်က မီးမီးကိုမချစ်ဘူးတဲ့"

"မေမေတို့က အလင်းကို စနေတာပါ ..မမက အလင်းကိုချစ်တာပေါ့"

"ဦးဦးတို့က မီးမီးကိုမချစ်လို့ပေါ့နော်"

"မဟုတ်ပါဘူး အလင်းလေးရယ် ဦးဦးတို့ကအလင်းလေးကိုချစ်တာပေါ့"

"မီးမီးကတော့ချစ်ဘူး..သခင့်ကိုပဲချစ်တာ"

သခင့်ပါးကိုလက်သေးသေးလေးတွေနဲ့ကိုင်ကာ နမ်းသေး၏။ သခင်လည်းသူ့ပါးလေးများကိုပြန်လည်နမ်းရှုံ့မိ၏။

သခင် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ