အသိစိတ်ရယ်လို့ ကပ်ငြိလာသည်နှင့်တစ်ပြိုင်နက် အိုင်းဆက်ခံစားမိသည်မှာ ခန္ဓာကိုယ်သို့မကြာခဏထိတွေ့လာသည့် လေထုနှင့် လှိုင်းသံကဲ့သို့သောရေသံကိုပင်ဖြစ်သည်။ ရဲတိုက်ထဲက ထွက်လာကြသည့်အသိက နောက်ဆုံးမှတ်ဥာဏ်ဖြစ်ပြီး လက်ရှိကာလမှာတော့ ဘယ်နေရာကိုရောက်နေသလဲဆိုတာ မသိရ။ ထို့အတူ နောက်ထပ်လူတစ်ဦးကိုတွေးမိလာသောအခါ
"ကောင်းယံ"
နှုတ်မှခပ်တိုးတိုးရေရွတ်မိပြီး မျက်လုံးများကိုဖွင့်ကြည့်လိုက်သည့်အခါ အလင်းရောင်သဲ့သဲ့နှင့် ကျောက်သားထုကိုအရင်မြင်ရသည်။ ဘေးဘီယာသို့ဝေ့ကြည့်သည့်အခါ ကျောက်နံရံများသာရှိပြီး အတော်အတန်းကျယ်ဝန်းသည့် အတွင်းပိုင်းကိုမြင်လိုက်ရသည်။ ပန်းကန်ခွက်ယောက်အချို့၊ ဆေးဘူးတစ်ချို့၊ဝတ်ရုံတစ်ချို့နှင့် ခေါက်သိမ်းထားသည့်အိပ်ရာငယ်တစ်ခု၊ မိမိကတော့ တော်တော်ထူထူထဲထဲ ခင်းပေးထားသည့် နေရာတစ်ခုပေါ်တွင် လှဲလျောင်းလျက်သား။ ခြုံ၍ပြောရသော် ဂူတစ်ဂူအတွင်းသို့ရောက်ရှိနေမှန်း သတိချပ်မိပြီး ထိုဂူသည် မိမိသိထားသည့် ဂူတွေထဲကတစ်ခုမှန်းလဲ သတိပြုမိလိုက်သည်။
"အရှင့်သား.."
ခြေသံနှင့်အတူ ငါးတွေကိုင်ကာဝင်လာသည့် ကောင်းယံက အိပ်ရာပေါ်ထထိုင်နေသည့် မိမိကိုမြင်တော့ ဝမ်းသာအယ်လဲလှိုက်တုန်နေသည့် အသံနှင့်အတူ အတင်းပြေးဖက်လို့လာဧ။်။
"အရှင့်သားနိုးလာပြီ!! အရှင့်သားနိုးလာပြီ ကျွန်တော်မျိုးဘယ်လောက်စိတ်ပူနေခဲ့လဲ သိရဲ့လား"
"ကောင်းယံ"
"ကျွန်တော်မျိုးလေ မိုခီတာကို ကူးပြောင်းရောက်ခဲ့စဉ်ကတောင် ဒီလောက်ကူရာကယ်ရာမဲ့တယ်လို့ မခံစားခဲ့ရဘူး။မလှုပ်မယှက်နဲ့ ဝေဒနာခံစားနေရတဲ့ အရှင့်သားကို နေ့တိုင်းအချိန်မလပ်ထိုင်ကြည့်ရင်း ကြောက်လာတယ်၊အားငယ်လာတယ်၊ဝမ်းနည်းလာတယ်"
"အခု ငါနိုးလာရော့ပြီပဲ"
"ဒါပေမဲ့....အရှင့်သားက..."
"ရှူး.....အခုကြည့် ငါ နိုးလာရော့ပြီလေ ကောင်းယံ။ နိုးလာပြီကို စိတ်ပူနေသေးရော့သလား"
YOU ARE READING
𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋
Fantasy13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံးက Strong ဖြစ်တာကြောင့် ထိုအမျိုးအစားကို မနှစ်သက်သူတွေကျော်သွားလို့ ရအောင်ပါရှင်။ Name - Duchess of V...