"အရှင်မင်းကြီး သက်သာရဲ့လား Land "
"စကားနည်းနည်းပြောလာနိုင်တာကလွဲလို့ မထူးခြားလှပါဘူးစစ်သူကြီး"
"အရှင့်သားရော"
"အရှင့်သားကတော့ စစ်ရေးလေ့ကျင့်တဲ့နေရာသွားလိုက်၊ ပြန်လာလိုက်ပါပဲ။ နေ့တိုင်း သွားတွေ့ပေမယ့် အရှင်မင်းကြီးကတော့ အတွေ့မခံဘူး။"
မိမိတို့နှင့် စကားပြောသည့်နေ့ကတည်းက ရုတ်တရက်ကျန်းမာရေးချို့ယွင်းသွားသည့် ကန်းထရစ်မင်းကြီးက အိပ်ရာပေါ်မှပင် မထနိုင်သဖြင့် ကီရာတိုဧ။်အိမ်ရှေ့စံ Aldorus ကိုယ်တိုင်လာရောက်ကုသပေးနေသည်မှာ နှစ်ရက်ခန့် ရှိပြီဖြစ်သော်လည်း သိပ်ထူးခြားသွားခြင်းမရှိပေ။ ဒီနှစ်ရက်အတွင်း မိမိသည်လည်း မြားပစ်လေ့ကျင့်သည့်နေရာလွဲလို့ အရှင့်သားဆီသို့ပင်မသွားဖြစ်။
"အပြင်မှာလဲ အရှင့်သားအပေါ် အတော်လေး မျက်နေကြပြီစစ်သူကြီး"
"အင်း ငါသိပါတယ်"
"အရှင့်သားတစ်ယောက်တည်း တိုင်းပြည်ထဲကဖြတ်ပြီး မြို့ပြင်သွားတာ အန္တာရယ်ကြီးပါတယ်။ စစ်သူကြီးပါလိုက်သွားပေးရင်ကောင်းမှာပါပဲ"
"အန္တာရယ်...ဟုတ်လား။ အပြင်ဘက်မှာ အရပ်သားတွေပဲရှိတာမဟုတ်ဘူးလား"
"အဲ့ဒါကိုက အန္တာရယ်များတာပါ "
နားမလည်ခြင်းကြောင့် မျက်မှောင်ကုတ်ကျသွားသည် မိမိကို Land က သေချာကြည့်ကာ သက်ပြင်းဖွဖွချ၍ ဤသို့ဆိုလာသည်။
"ကျွန်တော်နဲ့ခဏအပြင်လိုက်ခဲ့ပေးပါ စစ်သူကြီး။ ကတိတခုတော့ပေးပါ။ ဘယ်အရာကိုကြားကြား မတုံ့ပြန်ပါဘူးလို့ "
"ငါကတိပေးပါတယ်"
သို့နှင့် စည်ကားလှသည့် လမ်းမကြီးထက်သို့ထွက်ခဲ့ကာ Land ဦးဆောင်ခေါ်သွားသည့် ဆိုင်တစ်ဆိုင်ဧ။်မျက်နှာစာနေရာတွင် နေရာယူလိုက်သည်။ ခပ်နွမ်းနွမ်းဝတ်စုံနှင့် ခပ်ငိုက်ငိုက်ဦးထုပ်ကြောင့် မိမိအားမည်သူကမှ မှတ်မိပုံမရပေ။ အစားအသောက်များ ရောက်လာသည့်အခါ အလိုက်သင့်စားနေကြချိန်တွင် အသံတစ်သံကနားထဲသို့စတင်ဝင်ရောက်လာခဲ့သည်။
YOU ARE READING
𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋
Fantasy13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံးက Strong ဖြစ်တာကြောင့် ထိုအမျိုးအစားကို မနှစ်သက်သူတွေကျော်သွားလို့ ရအောင်ပါရှင်။ Name - Duchess of V...