Chapter 3

219 34 0
                                    

အမေငိုနေပြန်ပြီ

အတန်းပြီးသည်နှင့်ချက်ချင်း သူမ ကျောပိုးအိတ်ကောက်လွယ်ပြီး အတန်း၏အနောက်ဘက်တံခါးပေါက်မှ ထွက်လာခဲ့လိုက်သည်။ယွင်စုစုကိုကြောက်၍တော့မဟုတ်၊ သူမအမေကို သတိရနေရုံကြောင့်သာ။

အတန်းမှထွက်လာတာ စောသော်လည်း ကျောင်းလမ်းတစ်လျှောက်၌ ကျောင်းသားများပြည့်ကြပ်နေပြီး ကျောင်းဂိတ်တံခါး၀တွင်တော့ အပြည့်ကြပ်ဆုံးပင်။ သူမကတော့ ကျောင်းကိုလမ်းလျှောက်လာသည်မို့ ကားတွေ၊ဆိုင်ကယ်တွေနှင့် စက်ဘီးတွေကိုရှောင်ကာ လျှောက်သွားလိုက်သည်။ သူမက ကိုယ်လုံးကိုယ်ပေါက်သေးသေးလေးမို့ အဟသေးသေးလေးရှိလျှင်ပင် ဖြတ်သွား၍ရသည်လေ။

အမှန်တကယ်တော့ ကျောင်းနှင့်အိမ်က နည်းနည်းဝေးသည်။ ‌နာရီ၀က်ခန့် လမ်းလျှောက်ရသည်။ ဤနေ့တွင် သူမက စိတ်စောနေသောကြောင့် အိမ်ကို မိနစ်နှစ်ဆယ်လောက်နှင့် ပြန်ရောက်လာခဲ့သည်။အိမ်ထဲသို့ ၀င်,၀င်လာချင်း ကြားလိုက်ရသည်က အမေ့ငိုသံသဲ့သဲ့ပင်။သူမရင်ဘတ်ထဲ ဒိန်းခနဲဖြစ်သွားသည်။ အမေဘာလို့ ငိုနေရပြန်သနည်း။

အိမ်ထဲက တစ်ခန်းထဲသောအိပ်ခန်းထဲ သူမလျှောက်သွားတော့ အမေက အခန်းတံခါးဘက် ကျောပေးပြီး လှဲနေရင်း ငိုနေတာကို မြင်လိုက်ရသည်။ သူမ ကျောပိုးအိတ်ကို အခန်းထောင့်မှာချထားလိုက်ပြီး အမေ့ရဲ့အနားသွားကာ အသံတိုးဖွဖွဖြင့် မေးလိုက်မိ၏။

"မား ဘာဖြစ်လို့လဲဟင် ဘာလို့ငိုနေတာလဲ ဈေးရောင်းမကောင်းလို့လား"

သူမအမေက လမ်းထိပ်တွင် အကင်လေးတွေနှင့် ခေါက်ဆွဲအေးရောင်းသည်။ရောင်းကောင်းသည့်နေ့လည်းရှိ၊ တခါတရံတွင်တော့ ရောင်းမကောင်းတတ်ပေ။ ထို့နေ့တွေမှာဆို အမေက စိတ်ညစ်သောကြောင့် ငိုတတ်သည်။ အရင်ဘ၀တုန်းက သူမတို့မောင်နှမလေးယောက်ရှိခဲ့သည်။ မောင်နှမလေးယောက်လုံးကို ရုန်းရင်းကန်ရင်း ရှာဖွေကျွေးမွေးကျောင်းထားပေးခဲ့သည်က အမေပင်။

"ငါ့မှာ ကိုယ်၀န်ထပ်ရှိနေပြီ သုံးလတဲ့"

"အင်း အဲ့ဒီတော့ မား ဘာလို့ငိုတာလဲ"

ငါးဆားနယ်တစ်ကောင်ပဲဖြစ်ချင်ပေမယ့် သောက်ကျိုးနည်းငါလေးကိုနှောင့်ယှက်နေကြတယ်Where stories live. Discover now