Chapter 1

526 54 1
                                    

ကျောင်းတွင်းအနိုင်ကျင့်ခြင်း

Tမြို့၏ အမှတ် ၁ အထက်တန်းကျောင်း ၊ အလယ်တန်း ဒုတိယနှစ် တန်းခွဲ ၄တွင် ထိုင်နေသည့် ကောင်မလေးတစ်ယောက်သည် စာသင်ခန်းအပြင်ဘက် ကျောင်း၀င်းထဲသိူ့ ပြတင်းပေါက်မှ  ငေးကြည့်နေခဲ့သည်။ ကျောင်းဆောင်နှစ်ထပ်ဆောက်ထားသောကြောင့် တော်တန်ရုံသာမြင့်သည့် သစ်ပင်ထိပ်ဖျားတွေကိုပါ မြင်နေရလေသည်။ လေပြည်တစ်သုတ်တိုက်ခတ်သွားပြီးနောက် သူမမျက်နှာကို အုပ်နေသည့်ဆံပင်တွေက ဘေးဘက်ကို လွင့်သွားပြီး သေးငယ်သည့်မျက်နှာလေး ပေါ်လာ၏။

သူမမျက်နှာပေါ်တွင် မရင့်ကျက်သေးသည်ကို ပြသနေသော ကလေးအဆီအနည်းငယ်က ရှိနေဆဲဖြစ်ပြီး အဝေးမှုန်မျက်လုံးတွေကြောင့် မြင်ရသည်က ဝေဝေဝါးဝါးသာ။ သူမ၏မျက်၀န်းတွေက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသော်လည်း ဘာမှမြင်ဟန်မရသလို အသက်မဲ့နေသည်။အနည်းငယ်မျှတောင် လှုပ်ခတ်နေခြင်းမရှိပေ။

ထိုစဉ် သူမရှေ့ရောက်လာတဲ့ အရိပ်များ။ စုစုပေါင်း မိန်းကလေးငါးယောက်ဖြစ်ပြီး ဦးဆောင်သူက ဆံပင်ကို ပိုနီတေးစတိုင်လ်စည်းနှောင်ထားသည့် မိန်းကလေးတစ်ယောက်ပင်။ ထိုမိန်းကလေးက သူမကို အပေါ်စီးမှ ငုံ့ကြည့်လာပြီး "တောသူမကတော့ တောသူမပါပဲဟယ် သူ့ကိုကြည့်လိုက်ပါဦး  ဆံပင်ကငှက်သိုက်နဲ့ ရုပ်ကဆိုးသေး အ၀တ်အစားကလည်း ကျွတ်စ် ကျွတ်စ် သနားကောင်းလိုက်တာ ဟေး ငါ နင့်ကို အ၀တ်အစား၀ယ်ဖို့ ပိုက်ဆံပေးရမလား"

သူမ အပြင်ကိုငေးနေရာမှ ထိုမိန်းကလေးတစ်သိုက်ကို ကြည့်လိုက်သည်။ အရွယ်ငယ်ငယ် အသက် ၁၂နှစ်အရွယ်တွေပင်။ သူမ ထိုမိန်းကလေးတွေကို မမှတ်မိနိုင်စရာမရှိပါ။ သူမ ပထမဆုံး ကျောင်းပြောင်းလာသည့်အချိန် အနိုင်ကျင့်ခံခဲ့ရသည့်အဖြစ်အပျက်က အလွန်အမင်းပြင်းထန်လွန်းခဲ့သောကြောင့် ယခုထိ အသေးစိတ်မှတ်မိနေဆဲ။

ဦးဆောင်လာသူ မိန်းကလေးကို ယွင်စုစုဟုခေါ်ပြီး ပိုက်ဆံအတော်အတန်ရှိသည့် မိသားစုကဖြစ်ကာ သူမတို့မိသားစုက ကော်ဖီဆိုင်လေးဖွင့်ထားတာဖြစ်သည်။ ကော်ဖီဆိုင်ကို လူငယ်အကြိုက် ပန်းရောင်လေးတွေဆင်ထားသည့်အပြင် ကလစ်၊ သော့ချိတ် ၊ ခေါင်းစီးကြိုးတို့လိုမျိုး accessories သေးသေးလေးတွေပါ တွဲဖက်ရောင်းချသောကြောင့် ကျောင်းသူငယ်လေးများကြားတွင်တော့ အလွန်တရာကို ရေပန်းစားသည်။

ငါးဆားနယ်တစ်ကောင်ပဲဖြစ်ချင်ပေမယ့် သောက်ကျိုးနည်းငါလေးကိုနှောင့်ယှက်နေကြတယ်Donde viven las historias. Descúbrelo ahora