အပိုင်း ( ၉ )

4.9K 379 17
                                    

Drop some money, dropping all my money🎶
Drop some money, all this bread so yummy, 🎶

     မိုးအနည်းငယ်မျှ ဖြိုးဖြိုးဖျောက်ဖျောက်ကျနေသော နံနက်ခင်းတွင် Lisa ၏ MONEY သီချင်းသည် အိပ်ခန်းအတွင်း၌ ထပ်ခါထပ်ခါ ထွက်ပေါ်နေလေသည်။ သို့သည့်တိုင် အိပ်ရာပေါ်က စောင်ပုံလေးသည် အနည်းငယ်လူးလွန့်ရုံမှ တစ်ပါး မည်သည့်တုန့်ပြန်ချက်မှ ရှိမနေချေ။

"ဟန်နွေရာ!! နင့်ဖုန်းလာနေတာကို ကိုင်စမ်း! နားညီးလို့ သေတော့မှာပဲ " ဟူသော အော်သံနှင့်အတူ အိပ်ပျော်နေသော ဟန်နွေရာသည် သူ့အစ်ကို၏လက်ချက်ဖြင့် ကုတင်ပေါ်မှ ကန်ချခံလိုက်သည်။

"မေမေ ဒီမှာ မနက်စောစောစီးစီး ရာရာကို ဟန်စစ်သွေး အနိုင့်ကျင့်နေတယ်"

" နင့်ဖုန်းသံက  လမ်းထိပ်ကတောင် ကြားနေပြီ နင်မှ မထသေးတာ "

   ဟန်နွေရာသည် အောက်သို့ ပြုတ်ကျနေသော ဖုန်းကို ကောက်ယူလိုက်ရာ မြတ်ထံမှ ဆယ်ကြိမ်ထက်မနည်းခေါ်ထားသည်ကို တွေ့လိုက်ရသည်။ ဟန်နွေရာသည် ပါးစပ်ထောင့်က သွားရည်များကို သုတ်ပစ်ရင်း ဖုန်းပြန်ခေါ်လိုက်သည်။

"ဟဲလို မြတ် ဟီးဟီး ငါ အိပ်ပျော်သွားလို့"

    မြတ်သည် ပြောချင်သည်တို့ကို မြိုချလိုက်ပြီးနောက် သူသည် အလွန်အမင်းကို စိတ်ကြည်လင်‌နေသော အသံဖြင့် ပြန်ပြောလိုက်သည်။

" နင် ငါ့ကို ဟင်းချက်သင်ပေးမယ်ဆိုတာ သတိရသေးလားဟင် "

"အရမ်းကို သတိရတာပေါ့။ ငါ ပြောပြမယ်၊ အသံသွင်းထားနော်။ ငါ မျက်နှာသစ်ပြီးတော့ Guide လာဖို့ ပြင်ရဦးမှာမို့လို့လေ "

"အိုခေ အိုခေ ငါတို့ လုပ်မှာ Buko Pandan ကျောက်ကျောသုပ်နော် "

"ဟုတ်တယ်။ ဒါက နင်လို ဘာမှ မလုပ်တတ်တဲ့လူအတွက် အရမ်းကို အဆင်ပြေပြီး တီချယ်လည်း ကြိုက်မှာ သေချာတယ်။ ဘာလို့ဆို ငါအရမ်းကြိုက်တဲ့ Filipinoအစားအစာမို့လို့ပဲ။ ငါ ခဏနေရင် လာခဲ့ရင် စားပေးမယ် "

"ကဲ စပြောပါတော့ အမိရယ် "

"အေးပါ။ ပန်ဒန်ကျောက်ကျောမှုန့်အစိမ်းရောင်နဲ့ အနံ့အရသာမပါတဲ့ နို့ပန်ဒန်မှုန့်ကို ဝယ်ထားတယ်မလား? ပထမဆုံး အိုးထဲကို ရေလေးခွက်ထည့်၊ သကြားကို ခွက်ရဲ့ လေးပုံတစ်ပုံထည့်၊ပြီးရင် ပန်ဒန်အမှုန့်ထည့် ပြီးရင် မီးအေးအေးနဲ့ ကျို ၊ ပြီးရင် အအေးခံ။ ပြီးရင် လှအောင် လှီး အော် မေ့နေလို့ သာကူလည်း ထည့်နော် ၊ အဲတာတွေ လုပ်ပြီးရင် ခရင်မ်လုပ်ရမယ့် အဆင့်ပဲ,"

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now