အပိုင်း ( ၇ )

5K 394 4
                                    

   အတန်းပိုင်ဆရာမ၏ ဒေါသတကြီးမေးမြန်းသံအဆုံးတွင် အခန်းတွင်းလေထုသည် စိတ်ညစ်ညူးဖွယ်ရာအတိ အုံ့မှိုင်းနေလေသည်။ အခြေခံအထက်တန်းကျောင်းများတွင် ရည်းစားထားခြင်းကို တားမြစ်ထားသည် မဟုတ်သော်လည်း ဆရာ/မများသည် သိသာသိစေ မမြင်စေနဲ့ဟူသော စကားရပ်သကဲ့သို့ပင် တိတ်တခိုးထားသော သူများကို မျက်ကွယ်ပြုပေးထားသည်။ ထိုအရာသည် အထက်တန်းကျောင်းသား/သူများသည် ဆယ်ကျော်သက်အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် စိတ်ကစားတတ်ကြသည်က သဘာဝပင်ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့သော လုပ်ရက်မျိုးကိုကား မည်သူကမှ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ကျောင်း၏ ထိပ်တန်းအခန်းဖြစ်သော တန်းခွဲ A မှ တိုင်ကြားခံရခြင်းသည် ကျောင်းအုပ်ကြီးပင် အလွန်ဒေါသထွက်စေမည် ဖြစ်သည်။

" တီချယ် ကျွန်တော် မေးပေးမှာမို့လို့ ဒေါသတကြီး မဆက်ဆံပါနဲ့။ ကျွန်တော်က အတန်းခေါင်းဆောင်ဖြစ်တဲ့အတွက် ကျွန်တော့အတန်းကို ကျွန်တော် တာဝန်ယူပါတယ်။ အမြန်ဆုံး မေးမြန်းပေးပါ့မယ်။ တီချယ်အနေဖြင့် အခုလို အပြစ်တင်ဖို့သာ ပြောနေတာက ပြသနာကို ပြေလည်စေမှာ မဟုတ်ပါဘူး။ ပြီးတော့ ဒါက တန်းခွဲ A ပါ "
အတန်းခေါင်းဆောင်ဖြစ်သော စစ်ပိုင်ရဲရင့်သည်  မေးမြန်းသည်ထက် ဒေါသတကြီး ဖြစ်နေသော အတန်းပိုင်ကို ပြောလိုက်သည်။ အတန်းခေါင်းဆောင်သည် အမြဲတမ်းလိုလို ဖော်ရွေစွာ နေတတ်ပြီး ကျောင်းသားများနှင့် လိုက်လျောညီထွေမှု ရှိသော်လည်း အတန်းခေါင်းဆောင်တစ်ဦး၏ တာဝန်ကိုလည်း ကျေပွန်နိုင်သည်။

"ကောင်းပါပြီ။ ပြသနာ တစ်ခုခုဖြစ်လာရင် မင်း တာဝန်ယူရမယ်ဆိုတာ သတိရပါ "
ပြီးနောက် အတန်းပိုင်ဆရာမသည် ထွက်သွားလေသည်။ ယခုအချိန်သည် ကိုယ်ပိုင်စာကြည့်ချိန် ဖြစ်တာကြောင့် ကျောင်းသားအားလုံးအခန်းထဲတွင် ရှိနေကြသည်။ အတန်းခေါင်းဆောင်သည် ကျောင်းခေါ်ချိန်စာရင်းကို ကြည့်နေစဥ် အတန်းတစ်ခုလုံးသည် တိတ်ဆိတ်နေသည်။

"မနေ့က ကျောင်းမလာတဲ့ ကျောင်းသား သုံးယောက်နဲ့ မိန်းကလေး နှစ်ယောက်ကတော့ သံသယရှိသူ စာရင်းထဲ မပါဘူး။ဒါပေမဲ့ မင်းတို့ ငါးယောက်ရဲ့ ဒီလ​ကျောင်းခေါ်ချိန်က ၇၅% ပြည့်ရဖို့အတွက် ကျောင်းထပ်ပျက်ရင် အုပ်ထိန်းသူ ခေါ်ပါ့မယ်"

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now