ခြံထဲကို အမျိုးသားနှစ်ယောက် body guardများ နှင့်အတူ ဝင်လာသည်။
'ဝင့်ကမ္ဘာထွန်း'
'အ..အဖိုး'
လေဒီကလည်း ကျနော်အော်သံကြားတော့ အိမ်ထဲကနေပြေးထွက်လာသည်။
'အ..အဖေ ဦးမိုးမြင့်မြတ်'
'ဒါငါ့မြေးလေးလား'
'ဟုတ်ပါတယ် အဖေ'
'လာပါအုန်းအဖိုးစီ'
'ပါးပါး'
သမီးလေးက ကျနော်ဘောင်းဘီကိုဆွဲကာ ကျနော့်အနောက်တွင်ရပ်နေသည်။
'ဘာမှမဖြစ်ဘူး သမီးလေး အဲ့တာသမီးဖိုးဖိုး'
သမီးလေးကမရဲတရဲခြေလှမ်းများနှင့် လေဒီ့အဖေစီကို လျှောက်သွာသည်။
'သမီးကအချောလေးဘဲ နာမည်ဘလိုခေါ်လဲသမီး'
'ညက်ဧတရီထွန်း'
'ဟင်'
သမီးပြောသည်ကို နားလည်ပုံမရပေ။
'မြတ်ဧကရီထွန်းပါအဖေ'
လေဒီကဝင်ပြောလိုက်သည်။
'လှလိုက်တာကွာနာမည်လေးက သမီးကိုဘသူပေးတာလည်းအဲ့နာမည်'
'ပါးပါး'
'ဟုတ်ပါပြီဗျာ'
ထိုသို့ဆိုကာ သမီးလေးကို ချီရာမှ ချလိုက်ပြီး
'အဖေသမီးတို့ကိုပြောစရာရှိလို့လာခဲ့တာ နောက်လာမယ့်ဆိုင်ကယ်မှာ အထွန်းအမေနဲ့ အလင်းပါလာလိမ့်မယ်'
'အဲ့တာဆို အိမ်ထဲဝင်ထိုင်လေ'
'ဟုတ်ပြီ'
လေဒီ့အဖေနှင့်အဖိုးက အိမ်ထဲဝင်ထိုင်ပြီး body guard များက အပြင်တွင်ကျန်ခဲ့သည်။ ခဏကြာတော့ အလင်းနှင့် မာမီရောက်လာသည်။
'ဖွားဖွား လင်းလင်း'
သမီးလေးက မာမီ့စီပြေးသွားသည်။ မာမီနှင့်အလင်းက မကြာခဏလာလည်လေ့ရှိသဖြင့် သမီးလေးက သိနေသည်။
'အဖေတို့အခုလာတာ သမီးတို့ကို ရန်ကုန်ပြန်ခေါ်သွားဖို့ ငါ့မြေးလေးကလည်း ကြီးလာပြီဆိုတော့ ကျောင်းတတ်ရတော့မှာဆိုတော့ သူ့အတွက်ပါ စဉ်းစားပြီး မင်းတို့ကိုရန်ကုန်ပြန်ခေါ်ဖို့လာခဲ့တာ'
YOU ARE READING
အချစ်ဦး (First Love)
Romanceကြိုးတစ်ချောင်းကို လူနှစ်ယောက်တူတူ ဆုပ်ကိုင်မိပြီဆို အဲ့ကြိုးက ပြတ်ဖို့ခက်တယ်တဲ့။ ပြတ်သွားခဲ့ရင်လည်း ပြန်ဆက်ဖို့ခက်တယ်တဲ့။