မေမေတို့ကို တိုက်ခန်းပြောင်းနေမယ့် ကိစ္စ သေချာလေးရှင်းပြလိုက်တော့ ဒီတခါ လက်ခံပေးခဲ့သည်။ ကျွန်မလည်း ပြန်ရောက်တာနဲ့ တိုက်ခန်းက အဆင်သင့်လွတ်နေတာမို့ ပြောင်းဖို့ပြင်လိုက်သည်။
"တီချယ်...ပြောတော့ နွေရာသီ စာသင်ပေးမှာဆို"
"အခုလည်းသင်ပေးနေတာပဲလေ"
"ဒါပေမယ့် အခုကတည်းက အိမ်က ထွက်သွားတော့မှာလေ"
"မင်းကိုလည်း ခေါ်သွားမှာ"
"ဗျာ"
"ဗျာ မနေနဲ့ မင်းမေမေကိုပြောပြီးပြီ ကျောင်းမဖွင့်သေးခင် တချို့စာတွေ ဖြတ်ထားပေးချင်လို့ "
"ဪ..."
"တအားဝမ်းသာသွားလား"
"အရမ်းပေါ့ တီချယ်"
နှစ်ယောက်တည်း သွားနေရင် ပိုကြိတ်ခံရတော့မည့် မိမိအခြေအနေကို ဝမ်းသာလားတဲ့ တီချယ်မို့မေးရက်တယ်။
"အဝတ်တွေအများကြီးထည့်လာစရာမလိုဘူး Sunday တိုင်း အိမ်ပေးပြန်မယ် အဲ့တော့ တပတ်စာပဲထည့်လာ"
"ဟုတ်ကဲ့"
"ထမင်းတော့ အိမ်ပြန်စားလို့ရတယ်မလား"
"ငါချက်ကျွေးမှာလေ ဘာကို အိမ်ပြန်ပြီး စားချင်တာလဲ အဲ့လာက်မှတာဝန်မယူနိုင်ရင် မင်းကို ငါမခေါ်သွားဘူး"
"ဟုတ်ကဲ့"
ဒါနဲ့ပဲ တီချယ့်တိုက်ခန်းကို ငယ်လေးမလိုက်ချင်ဘဲ လိုက်လာခဲ့ရသည်။ ဖေဖေနဲ့ မေမေကတော့ စာတွေ လိုက်နိုင်ထားတော့ ကောင်းတာပေါ့ဆိုပြီး အသာတကြည်ထည့်ပေးသည်။တိုက်ခန်းပေါ်ကို ငယ်လေးရဲ့ အလေးလံဆုံးသော ခြေလှမ်းတွေနဲ့တက်ခဲ့တာ သေချာပါသည်။
"အထဲဝင်လေ အဲ့မှာ ဘာရပ်လုပ်နေတာတုန်း"
"ဟုတ်"
သူ့အထုတ်သေးသေးလေးကို အားကုန်သုံးပြီးသယ်နေရသလိုလိုနဲ့ အခန်းပေါက်မှာ အကြာကြီးရပ်နေသည်။နေမကောင်းလို့ ကျွန်မမြို့လိုက်လာလို့နဲ့ စာတွေက မပြီးတာနဲ့ ကျွန်မ နေ့နေ့ညည သင်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ခေါ်လာခဲ့သည်။
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......