အခန်း ၂၃

292 35 0
                                    

စစ်မာကျောင်း၏ လက်ထဲတွင် မီးလျှံတစ်ခု ပေါ်လာခဲ့ပြီး ထိုမီးလျှံသည် ရုတ်တရက်ဆိုသလို မီးပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့ကာ ဗဟိုမျှော်စင်တစ်ခုလုံးနှင့် ဘေးပတ်ပတ်လည်ရှိ ကောင်းကင် ၁၀၀ မီတာအကွာအထိ လွှမ်းခြုံလိုက်သည်။

လျောင်ထင်ယန့်တစ်ယောက် ကောင်းကင်တွင် ပုံရိပ်များစွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုပုံရိပ်များတွင် အမျိုးသားများ အမျိုးသမီးများ အသက်ငယ်သူများ အသက်ကြီးသူများ ပါဝင်ကြပြီး အားလုံးတွင် အန္တရာယ်များသော အငွေ့အသက်ကိုယ်စီရှိကြကာ စစ်မာကျောင်းကို ဝိုင်းထားကြသည်။ သူတို့တွင် လူအများကြီးရှိပြီး တစ်ဖက်တွင် စစ်မာကျောင်းတစ်ယောက်တည်းသာ ရှိသော်ငြား သူတို့၏ အမူအရာများသည် တည်ကြည်လေးနက်ပြီး အရုပ်ဆိုးကြောင်း လျောင်ထင်ယန့် မြင်လိုက်ရသည်။

သူ၏ ပြိုင်ဘက်များနှင့်ယှဉ်လျင် တစ်ယောက်တည်းသာဖြစ်သော စစ်မာကျောင်းသည် မောက်မာသော အမူအရာဖြင့် တည်ငြိမ်နေလျက်ရှိသည်။ လျောင်ထင်ယန့်သည် သူ့ကို အစောင့်အဖြစ် သဘောထားလိုက်ပြီး တိတ်တဆိတ်သာ ကပ်တွယ်နေလိုက်တော့သည်။ ဤဤအခြေအနေတွင် စိတ်မမှန်သောလူသည်ပင် ဤနေရာက အန္တရာယ်များသော စစ်မြေပြင်ဖြစ်တော့မည်ကို သိသည်။ အကယ်၍ ဘိုးဘေးကသာ သူ့ကို မကာကွယ်ပေးခဲ့လျင် သူ့အနေဖြင့် သေရမည်သာ။

စိတ်ထဲတွင် ကြောက်ရွံ့နေပြီး အရုပ်ဆိုးသောမျက်နှာများရှိသူများ အများကြီးရှိနေသည်။ အမှန်တိုင်းဆိုရလျှင် ဤလူများတွင် အတွေးကိုယ်စီရှိကြသည်။ ကန်းချန်းရှန်းဖူ တည်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး အလွန်အားကြီးသည်။ ကန်းချန်းရှန်းဖူ မဆိုထားနှင့် ဂိုဏ်းခွဲငယ်လေးတွင်ပင် အသံပေါင်းများစွာရှိသည်။ စစ်မာကျောင်းအမြင်တွင် သူတို့အားလုံးတွင် မတူညီသော အကြံများ ရှိနေကြသည်။

အချို့က စစ်မာကျောင်းကို သတ်ချင်သည်မှာ လွန်ခဲ့သော နှစ် ၅၀၀ မှ အမုန်းတရားကြောင့်သာ။ အချို့ကမူ စစ်မာမျိုးနွယ်၏ သွေးကို အငမ်းမရလိုချင်ပြီး ပေါင်မုန့်တစ်စိတ်လေးဖြစ်ဖြစ် ရလိုကြသည်။ အခြားလူများကမူ ကန်းချန်းရှန်းဖူကို ယခင်အတိုင်း ဆက်ရှိစေချင်သော်လည်း စစ်မာကျောင်းကို ကြောက်ရွံ့ကြသည်။ သူ၏ ဂနာမငြိမ်မှုနှင့် ကျင့်ကြံရေးအဆင့်ကြောင့် သူတို့သည် စစ်မာကျောင်းကို ထိန်းချုပ်နိုင်ရန် မျှော်လင့်ထားကြသည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now