part (08)

3.5K 202 4
                                    

အပိုင်း(၈)
မနက်တုန်းက ဦးလေးကြီး၏ အပြုအမူကြောင့် ဒီနေ့ တစ်နေကုန် အလုပ်မှာ ကသောင်းကနင်းတွေ ဖြစ်ရသည်။

ဟင်းပွဲ အမှာတွေ၊အပြင်အော်ဒါ အမှာတွေ အရမ်းများတာကြောင့် တစ်နေကုန် အလုပ်နှင့်လက်နှင့် မပြတ်အောင် ချက်ပြုတ်နေရသည့်တိုင် အိမ်ပိုင်ရှင် ဦးလေးကြီး၏ ဒေါနှင့်မောနှင့် ပြောဆိုသွားသည့် စကားတွေကို ပြန်လည်ကာ ကြားယောင်ပြီး တနုံ့နုံ့နှင့် ဒေါသထွက်နေရပြန်သည်။

"သူအဲဒီလိုတွေ ပေါက်ကွဲနေရအောင် ငါက သူ့ကို ကြိုက်ပါတယ်။သဘောကျပါတယ်လို့ ပြောမိလို့လား"?

ထမင်းပေါင်း ပေါင်းရန်အတွက် ဟင်းချက်နေရင်းကနေ ပါးစပ်ကလည်း ပွစိ၊ပွစိ ရေရွတ်နေမိလေသည်။

"သူ့ဘာသာသူ ချော်လဲတာလေ။
ငါကရော လဲချင်လို့ လဲကျတာမှ မဟုတ်တာ။သူ့ကို အထာပေးတယ်လို့များ ထင်နေတာလား?
သူကဖြင့် အသက်ကကြီးပြီး
အဘိုးကြီးဖြစ်နေပြီးတော့
ဘဝင်တွေ မြင့်နေတာ။

ဘဝင်တွေသာ မြင့်နေသာ
ရုပ်ကဖြင့်......"

မကျေမနပ်ဖြင့် အိမ်ပိုင်ရှင် ဦးလေးကြီး၏ ရုပ်ရည်ကို နှိမ်ဖို့ ပြန်စဉ်းစားကာ အပြစ်ရှာမိပြန်သည်။

အပြစ်ရှာပေမယ့် အိမ်ပိုင်ရှင် ဦးလေးကြီး၏ မျက်နှာက မနူပျိုတော့တာကလွဲလို့ အပြစ်စရာ မရှိလောက်အောင်ကို အဆင်ပြေနေတာကို ပြန်မြင်ယောင်လာလေသည်။

"အေးပါ။
ချောတယ်ပဲ ထားပါတော့။
ဒါပေမယ့်
ဘာရယ်
နောက်ကျတော့ အသက်ကြီးတာကိုပဲ အပြစ်ရှာပြီး ထားခဲ့အုံးမယ်တဲ့လေ။
သူ့ကို ဘယ်သူက ထားခဲ့တာလဲ"?

"ထားခဲ့ရင်လည်း ထားခဲ့တဲ့ကောင်ကို သွားပြောလေ။ငါ့ကို ဘာလို့ လာပြောနေတာလဲ။
အလုပ်ကို ဖြောင့်ဖြောင့် မလုပ်ရဘူး။
လူယုတ်မာကြီး"

"တစ်ယောက်တည်း ပွစိ၊ပွစိနဲ့ ဘာတွေပြောနေတာလဲ ?ဘုန်းရေ"

ဆိုင်ပိုင်ရှင် အစ်မက မီးဖိုဆောင်ထဲသို့ ဝင်လာကာ ကျွန်တော့်ကို မေးသည်။
ဘာမှ မဖြစ်သလို ဟန်ဆောက်ကာ အစ်မကို ရယ်ပြလိုက်သည်။

"သီချင်းဆိုနေတာပါ အစ်မရဲ့"

"နေ့လယ်စာ စားရအောင်လေ။
လူရှင်းသွားပြီ။
အစ်မ ချက်ကျွေးမယ် ဘာစားကြမှာလဲ"?

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now