Unicode
"ဘာလို့... အရှင်ဂျွန်လို့မခေါ်ဘဲ အရှင်လို့ဘဲခေါ်နေတာလဲ?"
"အရှင့်ကို ကြည့်မရလို့လေ..."
"ဘာ..."
"ဟုတ်တယ်လေ ထယ်ကလဲ အရှင်ရဲ့ မိဖုရားဘဲလေ... ဒါပေမဲ့ အရှင်က ထယ့်ကိုကျ အဆောင်ပြင်ကတောင်မထွက်ဘူး...ဘယ်လောက်တောင်မှ ပျင်းစရာကောင်းလိုက်လဲ... အရှင်မနေရတိုင်း မစာနာတက်ဘူး..."
သူ့အား ကပ်ကပ်လန်အောင် ရန်ဖြစ်နေသော ထယ်ယောင်းကြောင့် သူကဘုရင်လား ထယ်ယောင်းက ဘုရင်လားပင် ပြန်၍ စဉ်းစားမိနေမိသည်။
"ငါကို မင်းကပြန်ပြောနေတယ်ပေါ့ ကြိမ်ဒဏ်မိချင်လို့လား..."
"ကြိမ်...ကြိမ်ဒဏ်...မလုပ်ပါနဲ့... အရှင် အီး..ဟီး..ဂျီဟိုကိုဒီလိုဘဲပြောနေကြမို့...အရှင်က... ဘုရင်ဆိုတာမေ့သွားလို့ပါ...ခွင့်လွှတ်ပေးပါ...အရှင်"
သူ့အရှေ့က မျက်ရည်တွေနဲ့ ငိုနေတဲ့ ထယ်ယောင်းက အခုနက သူ့ကိုပြန်ပြောနေသော ထယ်ယောင်းမဟုတ်သလိုပင်...။
"ခွင့်လွှတ်ပေးရမယ်?..."
"ထယ့်ကို...ခွင့်လွှတ်ပေးရင် ဘာမဆိုလုပ်ပေးပါ့မယ်..."
"ဘာမဆိုလား??..."
"ဟုတ်ပါတယ်...အရှင်..."
"အဲ့ဒါဆို ငါပြောတဲ့ သုံးချက်လုပ်ပေးရင် ခွင့်လွှတ်ပေးမယ်..."
"ပြောပါအရှင်..."
"ပထမအချက်-ငါ့ကိုရေချိုး ဂျီးတွန်းပေးရမယ်...။
ဒုတိယအချက်-အဝတ်အစား လဲပေးရမယ်...။
တတိယအချက်-ထမင်းခွံ့ကျွေးရမယ်...ဘယ်လိုလဲလုပ်နိုင်လား??...""ကြိမ်ဒဏ်မပေးရင် ရပါပြီ အရှင် ခိုင်းတာလုပ်ပါ့မယ်..."
" အရှင် အရင်ဆုံး ရေချိုးပေးရမယ် ရေချိုးပေးနေတဲ့ တလျှောက်လုံး ဂျွန်လို့ဘဲခေါ်...ကြားလား..."
ထယ်ယောင်း အလျှင်အမြန်ပင် ခေါင်းငြိမ့်လိုက်သည် ဘာဘဲဖစ်ဖစ် ဒီဘုရင် စိတ်မညစ်ရင်ပြီးရော ဆိုပြီး သူ့အလိုသာလိုက်ရန် စဉ်းစားမိသည်။
ထယ်ယောင်းလဲ ေရချိုးကန်အကြီးကြီးထဲ နှင်းဆီဖြူတွေ ချွေပြီး ကြဲထားလိုက်ပြီး အပျိုတော်အား ရေနွေးစပ်ခိုင်းလိုက်ပြီး အမွှေးနံသာများနဲ့ အရှင်ချိုးဖို့အတွက် အရင်သေချာလုပ်ရပါသည်။
YOU ARE READING
☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )
Fanfiction"ဒီကပြန်ချင်တယ်..." "ဘယ်သူ့ သဘောနဲ့လဲ..." Jeon jungkook ×Kim Taehyung start date-17.7.2023 end date-16.8.2023 Taekook is real for me Taekook Urfavgue💗