Chapter 24

754 46 6
                                    

ခင့်မှာ ဆေးရှိန်ကြောင့် အိပ်ပျော်သွားသော်လည်း လင်းခန့်မှာတော့အိပ်မပျော်ပေ။
မကြာခင် သူ့ဘ၀ထဲကို၀င်ရောက်လာတော့မယ့် ကလေးအတွက်ရော သူ့ချစ်တဲ့သူအတွက်ရော ရှေ့ရေးကိုအများကြီးတွေးနေလေသည်။ လို့နောက် ခင့်နှဖူးလေးအား အနမ်းတစ်ချက်ခြွေကာ အတွင်းရေးမှူးရန်နိုင်အား ဖုန်းဆက်ပြီး meeting အဆင်ပြေရဲ့လား လှမ်းမေးလေသည်။ ခဏကြာတော့ လင်းခန့် အဖေနဲ့အမေ ‌ပြန်ရောက်လာသည်။ လင်းခန့်အမေကတော့ သူ့ချွေးမအားရဇိအောင် ကြက်စွပ်ပြုတ်ကိုရှယ်ပြုတ်လာလေသည်။
ခဏကြာတော့ ဇာနည်နဲ့ဆုမြတ်သွယ်ပါရောက်လာလေသည်။
ဇာနည် : congratulations ပါယောက်ဖရေ။
လင်းခန့် : ကျေးဇူးဗျာ ။
ဇာနည်; ဆုလေး မမခင်စားဖို့အတွက် အသီးလေးဘာလေးဖြစ်ဖြစ်သွား၀ယ်ပေးပါလားကွာ။ သမီးလေးကိုအကိုနဲ့ထားခဲ့။

ခန့် : ကျနောလည်း မ အတွက် မုန့်သွား၀ယ်မလို့ ဆု အဆင်ပြေမယ်ဆိုရင် တူတူသွားကြတာပေါ့။
ဆု : ဟုတ်ပြေပါတယ်။သွားကြတာပေါ့။

ဒီလိုနဲ့ ဆေးရုံဆေးက supermarket ကိုအတူတူထွက်လာခဲ့ကြတယ်။
ဆု : congratulations နော်ခန့်။
ခန့် :ဟုတ် ကျေးဇူး။
ဆု : မမခင်ကိုသေချာဂရုစိုက်နော်။ကိုယ်၀န်ဆောင်တဲ့အချိန် မိန်းကလေးတွေက အရမ်းအားငယ်တတ်ပြီးစိတ်လည်းအရမ်းဆက်တယ်။
ခန့် : စိတ်ချပါ။ ကျနော မ ကို အရင်ကထက်ပိုဂရုစိုက်မှာပါ။ ပြီးတော့ကျနော မကိုတကယ်ချစ်မိသွားပြီ။ ဆု လည်း ဇာနည့်ကိုထပ်ချစ်မိသလိုပေါ့။

ဆု :ဟုတ်ပါပြီ။ ဆုတို့ရှေ့လျှောက်သူငယ်ချင်းတွေ လိုပြန်နေရအောင်။
ခန်: ဟုတ်ပါပြီ။ ၀ယ်စရာရှိတာ၀ယ်ပြီးရင်ပြန်ရအောင်။ မ နိုးလာလို့ကျနောမရှိရင်စိတ်ကောက်နေမှာစိုးလို့။
ဆု : ဟုတ်ပါပြီ။

ဆေးရုံသို့ပြန်ရောက်သော်....
ခင့်မှာ အိပ်ယာကနိုးလာပြီး ဇာနည်နဲ့ စကားပြောနေလေသည်။ ဆုနဲ့ခန့်အတူ၀င်လာတော့ခင့်မှာ မျက်နှာအနည်းငယ်ပျက်သွားသည်။
လင်းခန့်က " မ နိုးနေပြီလား ကျနောက ဒီမှာ မစားဖို့ မုန့်သွား၀ယ်နေတာ"
ထိုစဉ်ဇာနည်က "ကဲ ဒါဆို ကျနောတို့ပြန်တော့မယ်။ သမီးလေးက အိပ်ငိုက်နေပြီမလို့"
ခန့် : ဟုတ်ကဲ့ အကို။
ဇာနည် တို့ပြန်သွားတော့ လင်းခန့်က "မ ဘာစားချင်လဲ
လောလောဆယ် ကျနော ဒီမှာ မ ကြိုက်တဲ့ပန်းသီးခွဲထားတာစားလိုက်ဦးနော် "
ခင့် မှာ ကိုယ်၀န်ကြောင့်လားမသိ စိတ်ခံစားချက် ပိုမိုလွယ်လာသည်။
ခင် : မောင် ခုနက သူနဲ့၂ယောက်ထဲသွားတာလားဟင်
လင်းခန့်အနည်းငယ်တော့စိတ်တိုသွားသည်။ ဒါပေမယ့် အတတ်နိုင်ဆုံးစိတ်ကိုထိန်းကာ " မ ‌မောင့်ကိုကြည့် ၊ မကမောင့်ကိုမယုံတာလား။ အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာ မောင့်စိတ်ထဲရော မောင့်နှလုံးသားထဲမှာရော မ တစ်ယောက်ထဲရှိတယ်။ကျနော့ကိုယုံကြည်ပေးပါနော်"
ခင် : တို့ မယုံလို့မဟုတ်ပါဘူး မောင်ရယ်။စိတ်မကောင်းမဖြစ်နဲ့နော်။ မောင့်ကိုချစ်တယ်။
ထို့နောက် လင်းခန့်ခွဲပေးထားသော ပန်းသီးအားစားရင်း "မောင် မ အန်ချင်လို့"ဟုဆိုကာ Toilet ထဲသို့သွားသည်။ လင်းခန့်လည်း ခင့်နောက်ကိုလိုက်သွားကာ နောက်ကနေကျောကိုအသာ အယာဖိပေးသည်။ ထို့နောက် ကုတင်ပေါ်တွင် အသာအယာထိုင်စေကာ "မ မနက်ကျရင် OG သွားပြမယ်နော် ။ ခဏနေမားမားတို့လာရင် မ ကြိုက်တဲ့ကြက်စွပ်ပြုတ်လုပ်လာပေးမယ်ပြောတယ်။ ပြောရင်းနဲ့ပဲ လင်းခနိ့မားမားတို့ ရောက်ချလာသည်။ မားမားတို့က ခင့်အား ဂရုစိုက်ပေးကာ အသဲပိုနေသည်။ ထို့နောက် စကားပြောကြရင်းည ၁၀နာရီကျော်တော့ မားမားတို့လည်းပြန်သွားလေသည်။ လင်းခန့်လည်း "မ အိပ်တော့လေ၊ မနက် စောစောဆေးရုံဆင်းပြီး OGသွားပြကြမယ်"ဟုဆိုကာ ခင့်အားအရင်အိပ်ပျော်စေသည်။ ထို့နောက် သူလည်း ခင့်ကုတင်ဘေးမှာတင်အိပ်ပျော်သွားသည်။

The environment effects Where stories live. Discover now