Ep. 7

10.6K 792 41
                                    

အချိန်တွေ တစ်ရွေ့ရွေနဲ့ ပြောင်းလဲလာပေမဲ့ ထယ်ယောင်းနဲ့ ဂျောင်ကုရဲ့ ဆက်ဆံရေးကတော့ အရင်လိုမပြောင်းလဲပဲသာရှိနေခဲ့သည်

အိမ်ထောင်သက်ခြောက်လရှိပြီ ဖြစ်ပေမယ့် သူ့အပေါ် ဂျောင်ကု ကအရင်လိုပင်
သူကတော့ ဂျောင်ကုကို အရင်ကထက်ပိုပြီး ပင် ချစ်လာသည် ဟန်နာဆိုတဲ့တစ်ယောက်နဲ့ အမြဲတစ်ပူးပူးတစ်တွဲတွဲနေတဲ့ဂျောင်ကု ပြောရရင်

သူမကို သူ့ထက်တောင်ပိုဂရုစိုက်သည် ကျွန်တော့် အချစ်တွေသာ စစ်မှန်ရင် တစ်ချိန်ကြရင် ကျွန်တော့် ကို ဂျောင်ကုပြန်ချစ်လာမှာပါဟုသာကိုယ့်ကိုကိုယ် အားပေး နေလာခဲ့သည်
အခုက မီးဖိုချောင်ထဲမှာ မနက်စာလုပ်နေခြင်းဖြစ်သည် ဂျောင်ကုကတော့ မနိုးသေး

ဂျောင်ကုမျက်လုံးနှစ်လုံးဖွင့်တာနဲ့ လစ်ဟာနေသော ဘေးက နေရာလေး စိတ်ထဲတစ်ခုခု အလိုမကျသလိုဖြစ်ပေမဲ့လည်း ဘာကိုအလိုမကျဖြစ်နေလဲ

သူစဥ်းစားလို့မရ မြင်နေကြ အရိပ်ကလေးကို မမြင်ရလို့လား မဖြစ်နိုင်တာ ဒီတိုင်းဖြစ်မှာပါ ခေါင်းကဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်ပြီး ရေချိုးခန်းထဲ ဝင်ကာ လုပ်စရာရှိတာလုပ်လိုက်သည် အမှန်တိုင်းပြောရရင် ဒီခြောက်လအတွင်း ငယ်သူငယ်ချင်းမ ဟန်နာနဲ့တွဲကာ ပလူးပြသော်လည်း ကင်မ်ထယ်ယောင်းကို လုံးဝသူ့ကိုမုန်းသွားလောက်အောင် နာကျင်အောင်လုပ်နေပေမဲ့လည်း သူဘယ်လောက်လုပ်လုပ် အမြဲ အနစ်နာခံနေတဲ့ ကင်မ်ထယ်ယောင်းကြောင့် သူ့စိတ်တွေ မွန်းကျပ်နေခဲ့ရသည်

ဘာဖြစ်လို့မမုန်းနိုင်ကတာလည်း ဟုတွေးမိသည် သေလောက်အောင်နှိပ်စက်ပြချင်ပေမဲ့လည်း ဒီကောင်လေးမျက်ရည်တွေမြင်ရင် သူ့ရင်မှာ တစ်မျိုးပင် မုန်းချင်စိတ်ကတစ်ဖြေးဖြေးပျောက်လာနေသလိုပင်
အပါး နဲ့တွေ့ဖို့ချိန်းထားတာမို့ သပ်သပ်ရပ်ရပ်ဝတ်စားကာ အောက်ဆင်းလာလိုက်သည်

ဂျောင်ကု ယောင်း မုန့်လုပ်ထားတယ် ဒီနေ့အိမ်မာစားမှာမလားဟင်

ငြင်းဖို့ပြင်လိုက်ပေမဲ့ စားမယ် ဆိုတဲ့စကားကို မျက်လုံးလေးလဲ့ကာ စောင့်ဆိုင်းနေတဲ့ ထယ်ယောင်းကြောင့် မထွက်လာတော့ အလိုလိုခေါင်းငြိမ့်မိသွားသည်
မနက်စာ အတူတူစားပြီး အပါးဆီသွားရန် ထွက်ခဲ့လိုက်သည် မသွားခင် ထယ်ယောင်းကို အိမ်ပြင်မထွက်ဖို့နဲ့ တစိမ်းဘယ်သူမှအဝင်မခံဖို့ကိုတော့ မှာခဲ့လိုက်သည်

He is My Omega (Complete)Where stories live. Discover now