{8}

2.7K 258 2
                                    

ဒီ အခိုက်အတန့်လေးကို....
ပျောက်ကွယ်မသွားစေချင်ဘူး....ဂျောင်ကု....

ရင်ခွင်ထဲက အကောင်ငယ်လေးရဲ့.....
လှုပ်လာတာကို ခံစားမိတယ်.....

အင်...ဘယ်လိုတောင်များမှလဲ....ပတ်ခ်ဂျီမင်....

"ဂျီမင်....."

"အင်....နိုး...နိုးပြီလား...."

"အင်...."

ရင်ခွင်ထဲက အင်တင်တင်နဲ့....
အကောင်ပေါက်လေးကို....
အသဲယားမိတာတော့ အမှန်.....

"သက်သာရဲ့လား....."

ဘယ်လိုလူပါလိမ့် ဂျွန်ဂျောင်ကုရယ်.....
သေမတတ်ဖြစ်သွားတဲ့ ဒဏ်ရာက တစ်ခဏ...
အတွင်း သက်သာပါ့မလား.......

"အင်....ကျုပ်ကိုလွှတ်တော့...."

"ဟင့်အင်း...."

လေသံတိုးတိုးနဲ့ပြောလိုက်တဲ့....
ဂျောင်ကုက မလွှတ်တဲ့ အပြင်ပိုလို့တောင်...
တင်းတင်းကျပ်ကျပ် ဖက်ထားမိတယ်....

"ကျစ်....ဂျွန်ဂျောင်ကု ကျုပ်ကိုလွှတ်...."

ရုန်းကန်နေတဲ့ အကောင်ပေါက်....
ကို ဆွဲကာ နမ်းလိုက်မိတယ်.....

တစ်မိနစ်......

နှစ်မိနစ်......

အသက်ရှုသံတွေနဲ့....စက္ကန့်ရေသံ....
တို့ကြားမှာ အနမ်းတို့က ချိုမြိန်သထက်....
ချိုုမြိန်လာ.....

ဘယ်နှမိနစ်များ ကြာအောင်...
နမ်းမိမှန်း မသိပင်မဲ့....
နမ်းခဲ့ရတဲ့ ထိုအခိုက် အတန့်လေးကတော့....
မက်မောစရာ......

"ဂျွန်ဂျောင်ကု.....နှာဘူးကောင် !!!!!! "

အော်ပြီး အိပ်ရာပေါ်က....
ဆင်းပြေးသွားတဲ့ အကောင်ပေါက်လေးကို....
ကြည့်ရင်း....ဂျောင်ကု ပြုံးမိသေးသည်......

ပတ်ခ်ဂျီမင်....အင်....သံယောဇဥ်တွယ်လာအောင်...သိပ်လုပ်တတ်လွန်းတယ်....
~~~~~~~~~~~~~~~~~~~~~~~
ဂျီမင် တစ်ယောက်...
လူက နုံးချိချိ ဖြစ်နေတာမို့....
ရေချိုးဖို့ သွားလိုက်တယ်.....

ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့....
ဂျောင်ကု..အ၀တ်အစားတွေနဲ့....
အငွေ့အသက် တစ်ချို့ကြောင့်....
စိတ်ထဲတော့ ကြည်နူးမိသလိုပင်.....

အတိတ်💔   [Compelet]Where stories live. Discover now