ချိုမြိန်သောအမှားတစ်ခု - ၁၃

7.5K 139 82
                                    

သူနဲ့အဆက်အသွယ်ရရင် သူ့အသံကြားမိရင် သူနဲ့တွေ့ချင်မှာစိုးလို့
ဖုန်းကဒ်ကိုလွှင့်ပစ်လိုက်တာ အခုတော့ တိုင်ပတ်ပီ

ရောက်နေတဲ့တည်းခိုခန်းကလဲ ဘယ်နားကဟာမှန်းမသိဘူး
ခြေဦးတည့်ရာလျှောက်သွားပီ တည်းလိုက်တာ
ဘယ်နားမှာ ဘာရှိတယ်လဲဘာမှမသိ စိတ်လေတယ်

ဖုန်းကဒ်မရှိမှန်းသိပေမဲ့ ဖုန်းကို မောင့်ဆီကို စာပို့ပီးကတည်းက
အခုထိမဖွင့်ရဲသေးဘူး စိတ်ခိုင်တာမဟုဘူးရယ်
အရင်ဆက်သွယ်လိုက်မိမှာအရမ်းကြောက်ပါသည်

ဘာမှကိုမတွေးနိင်ပဲ ဘယ်သူ့အတွက်မှလဲ ကြည့်မနေနိင်ဘဲ
ထွက်လာခဲ့မိတယ် ခုချိန် မ စိတ်ပူနေလောက်ပီ

ကိုယ်တိုင်လဲ အရမ်းတွေ စိတ်ပျက်နေမိပါပီ
ဟိုဘက်မပျက် ဒီဘက်လဲမပျက်
မောင့်ကိုချစ်ပါတယ် မ ကိုတော့ အားနားလာရပီ

သူမ မသိဘဲ ကိုယ်က ကိုယ့်သဘောကိုဆောင်ပီး
လုပ်ချင်တာလုပ်နေသည်လေ
ချစ်ခဲ့မိဖူးလားတော့ ကိုယ်တိုင်လဲမသိပါဘူးလေ

စိတ်ထဲမှာရှုတ်ရှက်တွေခတ်နေတာပဲ မခံစားနိင်လို့ထွက်လာမှ
သူ့မျက်နှာလေးမြင်ချင် သူ့အသံလေးကြားချင်နေတာမျိုး

ကျွန်တော် တကယ်မနေနိင်ဘူး အရမ်းလွမ်းလိုက်တာ
ဘာလို့များ...ဘာလို့များ ကျွန်တော်တို့မှဒီလိုအဖြစ်မျိုး
လာကြုံနေရတာလဲ

ဘယ်ကနေစမှာယွင်းနေခဲ့တာလဲ ဘယ်ဘဝကဝဋ်ကြွေးတွေပါလဲ
အရင်ဘဝက သူများချစ်ချင်းကိုခွဲခဲ့မိလို့ ဝဋ်လည်တယ်ထင်တယ်
တော်တော်ခံရခက်တာပဲ

တစ်ယောက်ထဲရှိနေရင် ရင်ထဲကနာကျင်မှုသက်သာမယ်ထင်ခဲ့တာ
ပိုလွမ်းမိနေတယ် ရင်ဘတ်ထဲကလဲ ဘာလို့အဲ့လောက်
နာကျင်နေရတာလဲ

သက်သာလိုသက်သာငြား ရင်ဘတ်ကို အကြိမ်ကြိမ်ထုရိုက်လဲ
စို့တက်လာတဲ့ဝမ်းနည်းမှုနဲ့ မျက်ရည်က ပိုများနေတယ်

ထွက်လာတဲ့နေ့ကတည်းက ငူငူငိုင်ငိုင်
အိပ်ချိန်ထက် ငိုနေတဲ့အချိန်က ပိုများနေခဲ့တယ်
တစ်ခုခုတွေးမိပီဆိုတာနဲ့ ကျလာတဲ့မျက်ရည်တွေကို
အရမ်းမုန်းပါသည် စားတဲ့အချိန်လဲမမှန်လို့
လူက ငါဖောင်ရိုးခြောက်အလားပဲ

ချိုမြိန်သောအမှားတစ်ခုWhere stories live. Discover now